ဒီနေ့ခေတ်မှာ သူနဲ့ ကစားပုံအဆင်တူဆုံး ကြယ်ပွင့်ကစားသမားကို ရော်နယ်ဒိုကြီး မချွင်းမချန် ထုတ်ဖော်

Posted on - Jun 19 []

Gunner Ksr

စာရေးသူ

ဘရာဇီးဂန္ထ၀င် တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ ဒီနေ့ခေတ်မှာ သူနဲ့ ကစားပုံအဆင်တူဆုံး ကစားသမားကို ထုတ်ဖော်ပြောကြားသွားခဲ့တာပါ။ ရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ မရှိမဖြစ် ချန်ထားလို့မရတဲ့ ဂန္ထ၀င် တိုက်စစ်မှူးကြီးပါ။

သူ့ရဲ့ ကစားပုံအကြောင်း၊ အောင်မြင်မှုတွေကို အခုအချိန်အထိ ပြောမဆုံးဖြစ်နေကြပြီး ဘောလုံးလောကမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့က ရော်နယ်ဒိုကြီးထက်ပိုကောင်းသလားဆိုတာကလည်း ပရိသတ်တွေ ငြင်းခုံနေကြတဲ့ ကိစ္စတစ်ခုပါ။

အခုအခါမှာတော့ ရော်နယ်ဒိုဟာ လာလီဂါကလပ် ဗယ်လာဒိုးလစ်ရဲ့ ရှယ်ယာအများရှင်ဖြစ်လာပြီးအသင်းရဲ့ ဥက္ကဋ္ဌတာဝန်ကို ယူထားရတာပါ။ ရော်နယ်ဒိုကြီးက ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး အမ်ဘတ်ပီမှာ သူနဲ့ ကစားပုံ အဆင်တူဆုံးလို့ ဖွင့်ဟသွားခဲ့တာပါ။

"သူ့ရဲ့ လျင်မြန်မှုက ကျွန်တော်နဲ့ ခပ်ဆင်ပါ။ သူ့ရဲ့အဆုံးသတ်မှု၊ ကန်သွင်းချက်တွေရောပေါ့။ အမ်ဘတ်ပီဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀ကို ပြန်အမှတ်ရစေခဲ့သူပါ။ ကျွန်တော်သာ ရီးရဲဥက္ကဋ္ဌဖြစ်ရင် သူ့ကိုခေါ်ချင်ပါတယ်"လို့ ရော်နယ်ဒိုက ဖွင့်ဟသွားခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။