မာနေးကို လီဗာပူးလိုချင်တဲ့ ပေါင် (၁၄၀) သန်းအထိပေးပြီး ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဥရောပထိပ်သီးကလပ်

Posted on - Jun 19 []

Gunner Ksr

စာရေးသူ

လီဗာပူးတိုက်စစ်ကစားသမားမာနေးဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ရာမှာ အဓိက အစိတ်အပိုင်းအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာပါ။ ဒီရာသီမှာလည်း မာနေးက စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ပြသထားပြီး အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရယူထားနိုင်ခဲ့သူပါ။

ဒါကြောင့် မာနေးကို ခေါ်ယူဖို့ ဥရောပထိပ်သီးအသင်းတွေက စိတ်ဝင်စားနေကြပြီး အဲဒီအထဲမှ လာလီဂါထိပ်သီးကလပ်ရီးရဲမက်ဒရစ်ကတော့ လာမယ့်နွေရာသီမှာ မာနေးကို အရှိန်မြှင့်ကြိုးပမ်းသွားဖို့ ပြင်ဆင်နေခဲ့တာပါ။
ရီးရဲနည်းပြဇီဒန်းဟာ မာနေးကို သဘောကျသူဖြစ်ပြီး ချီးကျူးမှုတွေလည်း ပြုလုပ်ထားခဲ့သူပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ချဲလ်ဆီးက ခေါ်ယူထားတဲ့ ဟာဇက်ဟာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရလို့ ရီးရဲဟာ ကြယ်ပွင့်ကစားသမားသစ် ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

မာနေးဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း (၃) နှစ်အထိ ကျန်ရှိသူဖြစ်ပြီး လီဗာပူးအသင်းက သူ့အတွက် ပေါင်သန်း (၁၃၀) ကနေ ပေါင်သန်း (၁၄၀) အထိအလိုရှိနေတာပါ။ ရီးရဲကလည်း လီဗာပူးတောင်းတဲ့ဈေးအတိုင်း ပေးချေသွားရှိနေတယ်လို့ Marca က ဖော်ပြထားပါတယ်။

လီဗာပူးအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာပဲ မာနေးကို လက်လွှတ်ဆုံးရှုံးရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။