ညီငယ်လေး Jungkook ငိုတာကို BTS အဖွဲ့ဝင်တွေ လုံးဝမကြည့်ရက်

Posted on - Jun 19 []

Gunner Ksr

စာရေးသူ

အသက် (၁၅) နှစ်အရွယ်ကတည်းက Idol ဖြစ်လာခဲ့တဲ့ BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Jungkook တစ်ယောက် ဘယ်လောက်တောင် အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရသလဲဆိုတာ ပြောပြနေစရာတောင်လိုမယ် မထင်ပါဘူး။

အဲဒီလို အခက်အခဲတွေနဲ့ တွေ့ကြုံလာတဲ့အခါ BTS အဖွဲ့က အကိုတွေဟာ Jungkook ရဲ့ နားခိုရာနှလုံးသား ဖြစ်ခဲ့ပါတယ်။ သူအခက်အခဲတွေ ကြုံလာတိုင်း Jungkook ဟာ ကလေးတစ်ယောက်သဖွယ် သူ့အကိုတွေကို ဆွေးမြေ့စွာ ရင်ဖွင့်တတ်ပါတယ်။

Jungkook တစ်ယောက် အဲဒီလို အခက်အခဲတွေနဲ့ကြုံတိုင်း BTS အဖွဲ့တွေလည်း စိတ်မသက်သာလှပါဘူး။ BTS အဖွဲ့ဝင် Suga ကတော့ Jungkook တစ်ယောက် ခက်ခဲနေတာ မြင်ရတဲ့အခါ သူ့ရဲ့နှလုံးသားနာကျင်ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ကျွန်တော်တို့မှာ ခက်ခဲတဲ့အချိန်တွေ အများကြီးရှိပြီး Jungkook အဲဒီလို အခက်အခဲတွေနဲ့ရင်ဆိုင်ရတာကို မြင်တဲ့အခါ နာကျင်ရပါတယ်။ ဒါပေမဲ့ သူ အဲဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်တာ မြင်ရတော့ ပျော်ရွှင်ပါတယ်"လို့ Suga က ပြောဆိုသွားခဲ့တာပါ။

ှSuga မှ မဟုတ်ပါဘူး။ တခြား BTS အဖွဲ့ဝင်တွေကလည်း သူ့တို့ရဲ့ ညီအငယ်ဆုံးလေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို မြင်ရတဲ့အခါ သူတို့ရဲ့နှလုံးသားက ထိရှစမြဲပဲလို့ ဖွင့်ဟခဲ့ကြပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။