ကြည်နူးစရာကောင်းလွန်းနေတဲ့ The World Of The Married ထဲက Park Hae Joon ရဲ့ လက်တွေ့ဘ၀အချစ်ဇာတ်လမ်း

Posted on - Jun 22 []

Gunner Ksr

စာရေးသူ

The World Of The Married ထဲမှာ ကိုယ့် ဇနီးအပေါ် သစ္စာမရှိသူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Park Hae Joon ရဲ့ လက်တွေ့ဘ၀အချစ်ဇာတ်လမ်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ တလောက ထုတ်လွှင့်ပြီးစီးသွားခဲ့တဲ့ The World Of The Married ဇာတ်လမ်းတွဲဟာာ ပရိသတ်တွေ ရင်ထဲရောက်ခဲ့ပြီး ၀က်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်မှုကို အခြေခံရိုက်ကူးထားပြီး လက်တွေ့ဘ၀နဲ့ နီးစပ်လို့လည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတာပါ။

အဲဒီဇာတ်လမ်းတွဲနဲ့အတူ Park Hae Joon ကလည်း ပရိသတ်တွေကြား ထင်ပေါ်လာခဲ့ပြီး သူ့ရဲ့ ဘ၀ဇာတ်ကြောင်းတွေက စိတ်ဝင်စားစရာကောင်းနေပါတယ်။ Park Hae Joon ဟာ သူထက် (၅) ငယ်နှစ်တဲ့ မင်းသမီး On Yoo Jin နဲ့ လက်ထပ်ထားခဲ့တာပါ။

Park Hae Joon နဲ့ On Yoo Jin တို့ဟာ ကောလိပ်ကျောင်းသားဘ၀မှာကတည်းက စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး PaK Hae Joon ဟာ သူမကိုပဲ စွဲစွဲမြဲမြဲ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် (၇) နှစ်အကြာ ၂၀၁၀ မှာ လက်ထပ်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ရင်သွေးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး Oh Yoo Jin ဟာ အိမ်မှုကိစ္စတွေကိုသာ ပြုလုပ်နေခဲ့တာပါ။ Park Hae Joon ဟာ သူရဲ့ ဇနီးအပေါ် အလွန်ချစ်ခင်တတ်တဲ့ ယောက်ျားတစ်ယောက်အဖြစ် သူတို့အသိုင်းအ၀ိုင်းကြားမှာ နာမည်ကျော်ပါတယ်။ The World Of The Married ထဲက ဇာတ်ရုပ်ဟာ Park Hae Joon ရဲ့ လက်တွေ့ဘ၀နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်တယ်လို့ ဆိုရမှာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။