အေဂျင်စီတွေရဲ့ အတင်းအကျပ် ဖျက်သိမ်းခြင်းကို ခံခဲ့ရတဲ့ K-pop အဖွဲ့များ

Posted on - Jun 22 []

Gunner Ksr

စာရေးသူ

ဒီအဖွဲ့တွေဟာ အေဂျင်စီရဲ့ အတင်းအကျပ်ဖျက်သိမ်းမှု၊ မတရားမှုတွေကို ခံခဲ့ရပြီး ၀မ်းနည်းဖွယ်ရာ ဇာတ်သိမ်းမလှ ဖြစ်ခဲ့တာပါ။

X1

Producer စီးရီးကနေ နောက်ဆုံး ပေါ်ထွက်လာခဲ့တဲ့ X1 အဖွဲ့ရဲ့ ဖြစ်ရပ်က ၀မ်းနည်းစရာပါပဲ။ ပြိုင်ပွဲအတွင်း မဲအရှုပ်တော်ပုံဇယားတွေက သူတို့ကို အထိနာစေခဲ့ပြီး နောက်ဆုံးအဖွဲ့ဖျက်သိမ်းတဲ့အထိ ဖြစ်ခဲ့ရတာပါ။ သက်ဆိုင်ရာအေဂျင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပွဲထွက်ပြီး (၅) လအကြာမှာ ဖျက်သိမ်းခဲ့ရတာပါ။

4Minute

တစ်ခေတစ်ခါက နာမည်ကျော်ခဲ့တဲ့ 4Minute အဖွဲ့ဟာလည်း အဖွဲ့ဝင်တွေက သူတို့ရဲ့အနာဂတ်ကြောင့် ဖျက်သိမ်းခဲ့တာလို့ အစောပိုင်းက သတင်းထွက်ခဲ့တာပါ။ ဒါပေမဲ့ ဖျော်ဖြေရေးလောကရဲ့ ကျွမ်းကျင်သူတစ်ယောက်ရဲ့ သုံးသပ်ချက်အရ Cube ဟာ သူတို့အတွက် အကျိုးမရှိတဲ့အဖွဲ့လို့ ရှုမြင်တဲ့အတွက် ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။

B.A.P

B.A.P အဖွဲ့ကတော့ TS Entertainment ရဲ့ မတရားဆက်ဆံမှုကို ခံရတဲ့အတွက် ပျက်စီးသွားခဲ့ရတာလို့ ဆိုပါတယ်။ B.A.P ဟာ သူတို့ မတရားခံရမှုအတွက် အေဂျင်စီကို တရားစွဲဆိုခဲ့ပြီး အဖွဲ့ဝင်တွေအားလုံး ထွက်ခွာသွားခဲ့ကာ အဖွဲ့ဖျက်သိမ်းခဲ့ရတာပါ။ နောက်မှာတော့ အဖွဲ့ဝင်တွေဟာ အေဂျင်စီအပေါ် သူတို့ရဲ့ မကျေနပ်တွေကို ဖွင့်ထုတ်ခဲ့ကြပါတယ်။

Stellar

ှStellar က အစက Cute concept နဲ့ ပွဲထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အေဂျင်စီက သူတို့ကို အတင်းအကြပ်ဖိအားပေးကာ Sexy ဘက်ကို ပြောင်းခိုင်းခဲ့ပါတယ်။ Music Video တွေမှာလည်း အဲဒီလိုပုံစံမျိုးရိုက်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ အဖွဲ့ဝင်တွေအားလုံးဟာ နုတ်ထွက်သွားခဲ့ကြပါတယ်။

Triple H

HyunA နဲ့ Dawn တို့ စုံတွဲဟာ အေဂျင်စီကို ဆန့်ကျင်ပြီး သူတို့တွဲနေတဲ့အကြောင်း ချပြခဲ့ပါတယ်။ အဲဒီနောက် အေဂျင်စီက သူတို့ကို စာချုပ်ဖျက်သိမ်းခဲ့ပြီး Triple H ဟာလည်း ဖျက်သိမ်းခဲ့ရပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။