Black Lives Matter လှုပ်ရှားမှုကို မေ့ပြီး ပွဲစဖို့ စိတ်အားထက်သန်နေတဲ့ မာနေးရဲ့ဖြစ်ရပ်ကို ပရိသတ်တွေ ပွဲကျ

Posted on - Jun 22 []

Gunner Ksr

စာရေးသူ

အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးတောင်ပံကစားသမားမာနေးရဲ့ Black Lives Matter လှုပ်ရှားမှုကို မေ့ပြီး ပွဲစတင်ဖို့ စိတ်အားထက်သန်နေတဲ့ ဖြစ်ရပ်ကြောင့် ပရိသတ်တွေက ပွဲကျခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်တဲ့အခါ လူမည်းတွေကို ထောက်ခံအားပေးတဲ့ Black Lives Matter လှုပ်ရှားမှုကို ပွဲစဉ်တိုင်းမှာ ပြုလုပ်နေတာပါ။ ပွဲမစတင်မိမှာ နှစ်ဖက်အသင်းတွေက ဒူးထောက်ခဲ့ကြသလို ဂျာစီတွေမှာလည်း သူတို့ရဲ့နာမည်အစား Black Lives Matter စာတန်းကို ၀တ်ဆင်ကစားခဲ့ကြရတာပါ။

ဒါပေမဲ့ လီဗာပူးတောင်ပံကစားသမား မာနေးကတော့ Black Lives Matter လှုပ်ရှားမှုကို မေ့သွားခဲ့ပုံပါပဲ။ သူက တောင်ပံမှာနေရာယူထားခဲ့ပြီး ဒိုင်လူကြီးရဲ့ ၀ီစီမှုတ်သံကို ကြားလိုက်ချိန်မှာတော့ ဒူးမထောက်ခဲ့ဘဲ စတင်ပြေးခဲ့တာပါ။ နောက်မှ သတိပြန်ရသွားပြီး ဒူးထောက်ခဲ့တာပါ။

မာနေးရဲ့ အဲဒီဖြစ်ရပ်ကို တွေ့မြင်ပြီးနောက်မှာ "မာနေးက ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ မစောင့်နိုင်တော့ဘူးပဲ" "မာနေးတစ်ယောက် တော်တော်လေး အဆင်သင့်ဖြစ်နေပုံပဲ"စသဖြင့် မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။