ONCE တွေ နှလုံးသားအရည်ပျော်သွားစေမယ့် Jihyo နဲ့ Tzuyu ကြားက ချစ်ခြင်းမေတ္တာ

Posted on - Jun 23 []

Gunner Ksr

စာရေးသူ

TWICE အဖွဲ့ထဲမှာ အဖွဲ့ခေါင်းဆောင် Jihyo ဟာ ခေါင်းဆောင်ပီသလွန်းသူဖြစ်ပြီး အဖွဲ့ဝင်တွေအတွက် မိခင်တစ်ယောက်လို ဖြစ်နေခဲ့တာပါ။ သူမဟာ ခေါင်းဆောင်ကောင်းပီသစွာနဲ့ အဖွဲ့ဝင်တွေကို ရင်အုပ်မကွာ စောင့်ရှောက်တတ်သူပါ။

အသက်အငယ်ဆုံးအဖွဲ့ဝင် Tzuyu ဟာလည်း အသက်မရွယ်နဲ့မလိုက်ဘဲ ရင့်ကျက်လွန်းသူတစ်ယောက်ပါ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရေခြားမြေခြားကို ခရီးနှင်ပြီး စွန့်စားခန်းဖွင့်ခဲ့တဲ့ Tzuyu ရဲ့သတ္တိကတော့ လေးစားစရာကောင်းနေတယ်လို့ ဆိုရမှာပါ။

KBS ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Happy Together အစီအစဉ်ရဲ့ အပိုင်းတစ်ပိုင်းမှာတော့ Jihyo နဲ့ Tzuyu တို့ ပါဝင်ခဲ့ပြီး သူတို့နှစ်ယောက်ကြား ချစ်စဖွယ်အကြောင်းအရာတွေကို ပြန်ပြောင်းပြောခဲ့တာပါ။ Tzuyu ဟာ Jihyo ရဲ့အိမ်မှာ တစ်ခါတလေ လိုက်အိပ်တတ်တယ်လို့ သိရပါတယ်။

"ကျွန်မတို့ အတူတူအိပ်ပြီး ရေလည်းအတူတူချိုးပါတယ်"လို့ Tzuyu က ဖွင့်ဟခဲ့တာပါ။ Jihyo ကလည်း "Tzuyu က အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ပါ။ သူက ငယ်ငယ်လေးနဲ့ တစ်ယောက်တည်း နေခဲ့ရတယ်။ ဒီအရွယ်နဲ့ သူမရဲ့စိတ်ထဲမှာ စိုးရိမ်စိတ်တွေတွေအကြောင်း ပြောခဲ့တယ်"လို့ Jihyo က ဖွင့်ဟခဲ့တာပါ။ Jihyo နဲ့ Maknae လေး Tzuyu တို့ကြားက ချစ်ခြင်းမေတ္တာကတော့ ONCE တွေရဲ့နှလုံးသားကို ဖမ်းစားထားခဲ့တယ်လို့ ဆိုရမှာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။