မက်ဆီနဲ့ စီရော်နယ်ဒိုခေတ်လွန် ဘောလုံးလောကကို လွှမ်းမိုးသူကို အချက်ကျကျ သုံးသပ်ပြသွားတဲ့ အာဆင်ဝင်းဂါး

Posted on - Jun 23 []

Gunner Ksr

စာရေးသူ

မက်ဆီနဲ့ စီရော်နယ်ဒိုဆိုတာ (၂၁) ရာစုဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ထားခဲ့ကြတာပါ။ ဆယ်စုနှစ်တစ်ခုကျော်အထိ သူတို့နှစ်ယောက်က အားပြိုင်ခဲ့ကြပြီး အခုဆိုရင် သူတို့ရဲ့ နေ၀င်ချိန်ကို ရောက်ခါနီးနေပါပြီ။

မက်ဆီနဲ့စီရော်နယ်ဒို မရှိတော့တဲ့ ဘောလုံးလောကရဲ့ အနာဂတ်ဟာ ပရိသတ်တွေအတွက်တော့ တွေးတောင်မတွေးရဲတဲ့အရာပါ။ သူတို့နှစ်ယောက်ရဲ့ နေရာမှာ ဘယ်သူတွေ အစားဝင်လာမလဲ၊ တစ်နည်း မက်ဆီနဲ့ စီရော်နယ်ဒိုမရှိတော့တဲ့ ဘောလုံးအနာဂတ်ကို ဘယ်သူ လွှမ်းမိုးမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောကြားသွားခဲ့ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ အမ်ဘတ်ပီနဲ့ နေမာတို့ဟာ အစားဝင်ရောက်လိမ့်မယ်လို့ အာဆင်ဝင်းဂါးက ပြောခဲ့တာပါ။

"မက်ဆီနဲ့ စီရော်နယ်ဒိုတို့လို ကစားသမားမျိုး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။ သူတို့ရဲ့ နေ၀င်ချိန်ကို ရောက်လာပါပြီ။ အခုက နောက်မျိုးဆက်ကို ရောက်လာပြီး အဲဒါကို ပြင်သစ်က ထုတ်ပေးမှာပါ။ ဒီအချိန်မှာတော့ အမ်ဘတ်ပီက ဦးဆောင်သူဖြစ်နိုင်ပြီး နေမာကလည်း အဲဒီနေရာအတွက် ကျွန်တော်တို့ သိထားတဲ့သူပါ"လို့ အာဆင်ဝင်းဂါးက ဆိုခဲ့တာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။