အနုပညာရှင် မဟုတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွဲနေပြီဖြစ်တဲ့ 2PM အဖွဲ့ဝင် Taecyeon

Posted on - Jun 24 []

Gunner Ksr

စာရေးသူ

ဇွန်လ (၂၃) ရက်နေ့မှာ 2 PM အဖွဲ့ဝင် Taecyeon အနေနဲ့ လက်ရှိမှာ အနုပညာရှင်မဟုတ်တဲ့ သူတစ်ယောက်နဲ့ တွဲနေပြီလို့ Xportsnews က ဖော်ပြခဲ့တာပါ။ သူတို့နှစ်ယောက် တွဲနေတဲ့မြင်ကွင်းကို Pyeongchang, Gangwon Province မှာ မြင်တွေကခဲ့ရတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အဆိုပါသတင်းတွေ ဟုတ်မှန်တဲ့အကြောင်း Taecyeon ရဲ့အေဂျင်စီ 51 K က အတည်ပြုသွားခဲ့ပါတယ်။

"Taecyeon ဟာ လက်ရှိမှာ အနုပညာရှင်မဟုတ်သူတစ်ယောက်နဲ့ တွဲနေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါက သူ့ရဲ့ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးကိစ္စဖြစ်လို့ ကျွန်တော်တို့ ဒီထက်ပိုပြောလို့ မရပါဘူး။ သူ့ရဲ့ ကောင်မလေးက အနုပညာရှင် မဟုတ်ပါဘူး" လို့ 51K က ထုတ်ပြန်သွားခဲ့ပါတယ်။

Taecyeon ရဲ့ ကောင်မလေးဟာ အလွန်ချောမောလှပသူလို့လည်း သိရပါတယ်။ Taecyeon ဟာ အခုနှစ်အစောပိုင်း MBC ကနေ ထုတ်လွှင့်ခဲ့တဲ့ The Game: Towards Zero ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ Hansan ဇာတ်ကားကို ရိုက်ကူးလျက် ရှိနေပါတယ်။

Ref: All Kpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။