Suzy နဲ့ Vagabond မှာထပ်ဆုံတဲ့အခါ စိုးရိမ်ခဲ့ရတဲ့အရာကို Lee Seung Gi ဖွင့်ဟ

Posted on - Jun 24 []

Gunner Ksr

စာရေးသူ

(၇) နှစ်ကြာပြီးနောက် Suzy နဲ့ ဇာတ်လမ်းတွဲတစ်ခုထဲမှာ အတူတူ ပြန်ရိုက်ကူးရတဲ့အခါ Lee Seung Gi ရင်ထဲ အမှန်တကယ် စိုးရိမ်ခဲ့တဲ့အရာတစ်ခု ရှိနေပါတယ်။ Lee Seung Gi နဲ့ Suzy တို့ဟာ ကိုရီးယားဇာတ်လမ်းတွဲ နယ်ပယ်မှာ လိုက်ဖက်တဲ့ သရုပ်ဆောင်တွေ အဖြစ် သတ်မှတ်ခံထားရတာပါ။ သူတို့ဟာ ၂၀၁၃ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ Gu Family Book ဇာတ်လမ်းတွဲထဲမှာ အတွဲအဖက်မိမ် သရုပ်ဆောင်နိုင်ခဲ့ကြတာပါ။

ဒီလိုနဲ့ ၂၀၂၀ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ အက်ရှင်ဇာတ်လမ်းတွဲ Vagabond မှာလည်း Suzy နဲ့ Lee Seung Gi တို့က ပြန်ဆုံခဲ့ကြပါတယ်။ အဲဒီဇာတ်လမ်းတွဲထဲမှာလည်း သူတို့နှစ်ယောက်က Chemistry မိလွန်းစွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ် အကြိုက်တွေ့ခဲ့ပါတယ်။

ဒါပေမဲ့ Suzy နဲ့ Vagabond မှာ ပြန်ဆုံမယ်ဆိုတာ သိရတဲ့အခါ Lee Seung Gi ရင်ထဲ စိုးရိမ်ခဲ့ရတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ Suzy ဟာ သူနဲ့ ပြန်ဆုံတာကို သဘောမကျဖြစ်မှာကိုပါ။ "ဟာ..ဒီ Oppa က ထပ်ရောက်လာပြန်ပြီလား"လို့ Lee Seung Gi က အရွှန်းဖောက်ဖွင့်ဟသွားခဲ့တာပါ။

အဲဒီမှာ Suzy ကတော့ သူမအနေနဲ့ Lee Seung Gi နဲ့ ပြန်ဆုံရတဲ့အပေါ် အလွန်သဘောကျကြောင်း၊ သူတို့နှစ်ယောက်ဟာ Gu Family Book မှာကတည်းက အတွဲမိခဲ့ကြောင်း ဆိုခဲ့ပါတယ်။ "Oppa နဲ့ ထပ်ပြီး ရိုက်ကူးရတော့မယ်ဆိုတာ သိတော့ ကျွန်မ အရမ်းပျော်သွားခဲ့တယ်။ ကျွန်မတို့နှစ်ယောက်က Gu Family Book မှာကတည်းက အမှတ်တရကောင်းတွေကို ပိုင်ဆိုင်ခဲ့တာလေ"လို့ Suzy က ဖွင့်ဟသွားခဲ့ပါတယ်။

ဆက်လက်ပြီး Suzy က သူမအနေနဲ့ Vagabond ထဲက ဇာတ်ကြမ်းအက်ရှင်ဇာတ်ဝင်ခန်းတွေကို လုပ်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ကြောင်းဆိုခဲ့ပြီး Lee Seung Gi ကလည်း Suzy ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးသွားခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။