(၇) နှစ်ကြာ ပျောက်ဆုံနေခဲ့တဲ့ ယူနိုက်တက်ရဲ့ ဟက်ထရစ်ကျိန်စာကို မာရှယ် အဆုံးသတ်နိုင်ခဲ့ပြီ

Posted on - Jun 25 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ပွဲစဉ် (၃၁) အဖြစ် ယူနိုက်တက်နဲ့ ရှက်ဖီးလ်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ အိမ်ရှင်မန်ယူနိုက်တက်ကပဲ အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အောင်ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တာကတော့ တိုက်စစ်မှူးမာရှယ်လ်ပါ။

မာရှယ်လ်ဟာ အခုနောက်ပိုင်း ပုံစံကောင်း ပျောက်ဆုံးနေတာကြောင့် ဝေဖန်ခံနေရတဲ့ ကစားသမားပါ။ ဒါပေမဲ့ ရှက်ဖီးနဲ့ပွဲမှာတော့ မာရှယ်လ်ဟာ သူ့ရဲ့ပေါက်ကွဲအားကို ပြသခဲ့ပြီး ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်ရာမှာ အဓိက အရေးပါခဲ့သူ ဖြစ်ပါတယ်။

ရှက်ဖီးလ်နဲ့ပွဲစဉ်မှာ သူသွင်းယူသွားခဲ့တဲ့ ဟက်ထရစ်ကတော့ ယူနိုက်တက်မှာ (၇) နှစ်အကြာမှာမှ ပထမဆုံးပြန်မြင်ရတဲ့ဟက်ထရစ်ပါ။ ၂၀၁၃ ခုနှစ်က ဗန်ပါစီ ဟက်ထရစ်သွင်းနိုင်ခဲ့ပြီးနောက်မှာ ယူနိုက်တက်မှာ ဟက်ထရစ် ကျိန်စာသင့်သလို ဖြစ်ခဲ့ရတာပါ။

ဒါ့အပြင် ဒီရာသီ မာရှယ်လ်ရဲ့ ပြိုင်ပွဲစုံ သွင်းဂိုးကလည်း (၁၈) ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပြီး ဒါဟာ သူ့ရဲ့ကစားသမားဘတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်ခဲ့တာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။