ပြိုင်ဘက်ဂိုးသမားတောင် ဘာမှန်းမသိလိုက်ရတဲ့ ရာမို့စ်ရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဖရီးကစ်သွင်းဂိုး

Posted on - Jun 25 []

Gunner Ksr

စာရေးသူ

မာယော့ကာနဲ့ပွဲစဉ်မှာ သွင်းယူသွားခဲ့တဲ့ ရီးရဲအသင်းခေါင်းဆောင်ရာမို့စ်ရဲ့ ဖရီးကစ်သွင်းဂိုးကတော့ တကယ့်ကို လှပသေသပ်လွန်းပြီး ရင်သပ်ရှုမောဖွယ်ရာပါပဲ။ လာလီဂါပွဲစဉ် (၃၁) အဖြစ် ရီးရဲနဲ့ မာယော့ကာတို့ ယှဉ်ပြိုင်ခဲ့တဲံ့ပွဲစဉ်မှာတော့ ရီးရဲက (၂) ဂိုးပြတ်အနိုင်ရသွားခဲ့တာပါ။

နောက်ပိုင်းမှာ ပုံစံကောင်း ပြန်ရလာတဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ဒီပွဲစဉ်မှာလည်းချန်ပီယံဆုအတွက် အမှားမခံခဲ့ပါဘူး။ ရီးရဲအတွက်ဂိုးတွေကိုတော့ တိုက်စစ်မှူ ဗင်နီးဆီးယက်စ်နဲ့ အသင်းခေါင်းဆောင် ရာမို့စ်တို့က သွင်းသွားခဲ့တာပါ။

ဒီအထဲမှာမှ ရာမို့စ်သွင်းသွားခဲ့တဲ့ ဖရီးကစ်သွင်းဂိုးကတော့ တကယ့်ကို လှပလွန်းခဲ့တာပါ။ ဂိုးနားမှာ ရတဲ့ဖရီးကစ်ကို ရာမို့စ်က အားပါပြင်းထန်တဲ့ကန်ချက်နဲ့ ထောင့်ထဲကို ကန်သွင်းသွားခဲ့တာဖြစ်ပြီး မာယော့ကာ ဂိုးသမားလှုပ်ချိန်တောင် မရလိုက်တာပါ။

ရာမို့စ်ရဲ့ လှပလွန်းတဲ့ ဖရီးကစ်သွင်းဂိုး

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။