နိုင်ငံခြားက ဇာတ်ကားကို အခြေခံရိုက်ကူးပြီး အောင်မြင်မှုရရှိခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲများ

Posted on - Jun 25 []

Gunner Ksr

စာရေးသူ

ဒီဇာတ်လမ်းတွဲတွေက နိုင်ငံခြားဇာတ်ကားကို အခြေခံပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲတွေဟာ အောင်မြင်မှု ရခဲ့ပြီးတချို့ဆိုရင် ၀က်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အထိပါပဲ။

BOYS OVER FLOWERS

တောင်ကိုရီးယားရဲ့ နာမည်ကျော် BOYS OVER FLOWERS ရဲ့ မူလဇစ်မြစ်က ၂၀၀၁ ခုနှစ်တွင်း ထိုင်ဝမ်က ရိုက်ကူးခဲ့တဲ့ METEOR GARDEN က အစပြုတယ်လို့ ဆိုနေကြပါတယ်။ Lee Min Ho ပါဝင်ထားတဲ့ BOYS OVER FLOWERS ကတော့ ၀က်ဝက်ကွဲအောင်မြင်ခဲ့ပြီး အဲဒီနောက် တခြားနိုင်ငံတွေကလည်း ဗားရှင်းအမျိုးမျိုးနဲ့ ရိုက်ကူးခဲ့ကြပါတယ်။

CITY HUNTER

တောင်ကိုရီးယားမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်ခဲ့တဲ့ City Hunter ဇာတ်လမ်းတွဲဟာလည်း Tsukasa Hojo ရဲ့ ကာတွန်းတစ်ခုကို အခြေခံရိုက်ကူးခဲ့တာလို့ သိရပါတယ်။

MOON LOVERS

Lee Joon Gi နဲ့ IU တို့ရဲ့ Moon Lover ကတော့ တရုတ်ဂန္ထ၀င်စတိုရီကို အခြေခံရိုက်ကူးခဲ့တာပါ။ ဒီဇာတ်လမ်းဟာ တရုတ်နဲ့ တောင်ကိုရီးယားတို့မှာ အရင်ကတည်းက အောင်မြင်နေတဲ့ ဇာတ်လမ်းဖြစ်ပြီး ကိုရီးယားပရိသတ်တွေက ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းကို မကြိုက်ကြပါဘူး။ ဒါကြောင့် ဒီဇာတ်လမ်းကို သိနှင့်နေပြီးဖြစ်လို့ Moon Lovers ဟာ ပြည်တွင်းမှာ အောင်မြင်မှု မရခဲ့တာလို့ ဆိုနေကြပါတယ်။ ဒါပေမဲ့ Moon Lover ဟာ နိုင်ငံတကာမှာတော့ အောင်မြင်ခဲ့ပါတယ်။

THE BEAUTY INSIDE

THE BEAUTY INSIDE ကလည်း အမေရိကန် TV Show တစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး နာမည်ကလည်း အတူတူပဲလို့ သိရပါတယ်။

FATED TO LOVE YOU

Jang Hyuk နဲ့ Jang Na Ra တို့ရဲ့ Fated To Love You ဇာတ်လမ်းတွဲဟာ ထိုင်ဝမ်ဇာတ်လမ်းတွဲတစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ အခု ၂၀၂၀ ခုနှစ်အတွင်းမှာလည်း ဂျပန်က ဒီဇာတ်လမ်းတွဲကို ပြန်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။