Lee Min Ho နဲ့ ပတ်သက်ပြီး The King: Eternal Monarch ၀န်ထမ်းရဲ့ ဖွင့်ဟ၀န်ခံချက်

Posted on - Jun 25 []

Gunner Ksr

စာရေးသူ

The King: Eternal Monarch ဇတ်လမ်းတွဲကတော့ ပရိသတ် အာရုံကို အပြည့်အ၀ ဖမ်းစားပြီး နှုတ်ဆက်သွားခဲ့တာလို့ ဆိုရမှာပါ။ ဒီဇာတ်လမ်းတွဲဟာ ထိပ်တန်းမင်းသား Lee Min Ho စစ်မှုထမ်းဆောင်ပြီး ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ကြော်ငြာတွေများလွန်းတယ်၊ ထုတ်လုပ်ရေးအပိုင်းညံ့တယ်ဆိုတဲ့ ဝေဖန်သံတွေကတစ်ဘက်၊ ဇာတ်ကားဟာ ဆန်းကြယ်လွန်းပြီး ကြည့်ရတာမိုက်တယ်ဆိုတဲ့ ချီးကျူးသံတွေက တစ်ဖက်နဲ့ he King: Eternal Monarch ဇာတ်လမ်းတွဲဟာ ဘာပဲပြောပြော ပရိသတ်ရဲ့ အာရုံစိုက်မှုကို ရခဲ့တာပါ။

The King: Eternal Monarch ဇာတ်လမ်းတွဲရဲ့ ၀န်ထမ်းတစ်ဦးကတော့ Lee Min Ho ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ချီးကျူးသွားခဲ့ပါတယ်။ Lee Min Ho ဟာ သူ့ရဲ့သရုပ်ဆောင်ချက်တွေအပေါ် စိတ်နှစ်ထားလွန်းတယ်လို့ သူက ဆိုခဲ့ပါတယ်။

"Lee Min Ho ဟာ လုံးဝစိတ်အားထက်သန်တဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။ အချိန်တိုင်း အာရုံစူးစိုက်မှုအပြည့်ရှိတယ်။ ဇာတ်လမ်းတွဲရိုက်ကူးစဉ် တစ်လျှောက်လုံးမှာ ကျွန်တော်တို့ဟာ Lee Min Ho ရဲ့ ခံစားသက်ဝင်မှုနဲ့ ပတ်သက်ပြီး အံ့အားသင့်ခဲ့ရပါတယ်။ သူ့ရဲ့ ကြိုးစားမှုတွေကြောင့်လည်း ကျွန်တော်တို့ဟာ Scene တစ်ခန်းကိုမှ အမှားမရှိဘဲ လုပ်ဆောင်နိုင်ပါတယ်"လို့ ၀န်ထမ်းတစ်ဦးက ဖွင့်ဟသွားခဲ့ပါတယ်။

ဒါ့အပြင် Lee Min Ho ဟာ သူရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကို Monitor ပေါ်မှာ ပြန်ကြည့်လေ့ရှိကြောင်း၊ ဇာတ်ညွှန်းကိုသေချာဖတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။