ဘယ်သီချင်းအမျိုးအစားကို ဆက်လုပ်သွားမလဲလို့ အမေးခံရတဲ့အခါ အထာကျကျ ပြန်ဖြေခဲ့တဲ့ BTS

Posted on - Jun 26 []

Gunner Ksr

စာရေးသူ

BTS အဖွဲ့ရဲ့ အောင်မြင်ကျော်ကြားမှုဟာ ဒီနှစ်ကာလအတွင်း တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး သူတို့ဟာ K-Pop, pop, hip-hop, R&B စတဲ့ အမျိုးအစားများစွာကို ဖန်တီးခဲ့တာပါ။ GRAMMY.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ BTS အဖွဲ့ဝင်တွေဟာ အနာဂတ်မှာ ဘယ်လိုဂီတအမျိုးအစားတွေကို ဆက်လုပ်သွားဖို့ ဆန္ဒရှိသလဲဆိုတာ အမေးခံခဲ့ရပါတယ်။

အဲဒီမှာ BTS အဖွဲ့ဝင်တွေဟာ စိတ်ဝင်စားစရာအဖြေမျိုး ပေးခဲ့ကြတာပါ။ BTS အဖွဲ့ဝင် Suga ကတော့ ဂီတမှာ အမျိုးအစားက အရေးမကြီးဘူးလို့ ဆိုခဲ့ပါတယ်။ "အခုအချိန်မှာ ဂီတကို အမျိုးအစားခွဲတာ အဓိပ္ပာယ်သိပ်မရှိတော့ဘူးလို့ ထင်ပါတယ်"လို့ Suga က ဆိုခဲ့တာပါပဲ။ အဲဒီနောက် Jungkook,V နဲ့ J-Hope တို့က သူတို့ဆက်လုပ်မယ့် ဂီတအမျိုးအစားဟာ BTS ပဲဖြစ်တယ်လို့ အထာကျကျ ဖြေခဲ့ပါတယ်။

"အမျိုးအစားနာမည်က BTS ပါ။ ဒါက ဂီတမှာ ကျွန်တော်တို့လုပ်ချင်တဲ့ အမျိုးအစားအသစ်ပါ"လို့ Jungkook, V, and J-Hope တို့ကဖြေခဲ့တာပါ။ အဲဒီနောက် ARMY တွေက သူတို့အနေနဲ့ BTSpop ကို နားဆင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မှတ်ချက်တွေ ပြုခဲ့ကြပါတယ်။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။