တရားဝင်လမ်းခွဲ ပြတ်စဲလိုက်ကြပြီဖြစ်တဲ့ Lee Joon နဲ့ Jung So Min

Posted on - Jun 26 []

Gunner Ksr

စာရေးသူ

မင်းသား Lee Joon နဲ့ မင်းသမီး Jung So Min တို့ဟာ (၃) နှစ်ကြာ လက်တွဲခဲ့ပြီးနောက် သူတို့ရဲ့ Relationship ကို အဆုံးသတ်ကာ တရားဝင်လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ Lee Joon နဲ့ Jung So Min တို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ Father is Strange ဇာတ်လမ်းတွဲမှာ တွေ့ဆုံခဲ့ပြီးနောက်စတင်ချစ်ကြိုက်ခဲ့တာပါ။

ဇွန်လ (၂၆) ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ အလုပ်တွေနဲ့ မအားလပ်လို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း၊သူတို့ဟာ စီနီယာ-ဂျူနီယာဆက်ဆံရေးပုံစံနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် ဆက်လက်ခင်မင်သွားမှာဖြစ်ကြောင်း သတင်းတက်လာခဲ့တာပါ။

အဲဒီနောက် Lee Joon နဲ့ Jung So Min တို့နှစ်ဖက်စလုံးရဲ့ အေဂျင်စီအသီးသီးက သူတို့လမ်းခွဲခဲ့တာမှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ "Lee Joon နဲ့ Jung So Min တို့ရဲ့ Relationship အဆုံးသတ်သွားတာ မှန်ပါတယ်။ Lee Joon ဟာ အလုပ်ကို ကြိုးစားသွားမှာပါ"လို့ Prain TPC က ထုတ်ပြန်ခဲ့ပါတယ်။ Jung So Min ရဲ့ Blossom Entertainment ကလည်း "သူမဟာ Lee Joon နဲ့ လမ်းခွဲလိုက်ပါပြီ။ လုပ်ဖော်ကိုင်ဖက်ကောင်းတွေအဖြစ် ဆက်ရှိမှာပါ"လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: All Kpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။