ကလော့ရဲ့ ရင်တွင်းခံစားချက်ကို ကြားတဲ့အခါ ဘောလုံးပရိသတ်တွေအားလုံး မျက်ရည်ဝဲမိလိမ့်မယ်

Posted on - Jun 26 []

Gunner Ksr

စာရေးသူ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ပွဲစဉ်မှာ ချဲလ်ဆီးက (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် လီဗာပူးဟာ နှစ်ပေါင်း (၃၀) ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီင်္အခိုက်အတန့်က ကမ္ဘာတစ်လှမ်းလုံးက လီဗာပူးပရိသတ်တွေအတွက်တော့ လုံးဝမေ့ဖျောက်လို့မရနိုင်တဲ့အချိန်ပါ။

သူတို့ဟာ ဒီလိုအောင်ပွဲခံနိုင်ဖို့အတွက်နှစ်ပေါင်း (၃၀) ကြာစောင့်ဆိုင်းခဲ့ရတာပါ။ ဒီရာသီမှာ လီဗာပူးဟာ ပုံစံကောင်းပြပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာပါ။ ချဲလ်ဆီးနဲ့မန်စီးတီးပွဲကို လီဗာပူးနည်းပြကလော့နဲ့ ကစားသမားတွေကလည်း စောင့်ကြည့်နေခဲ့တာပါ။

ချဲလ်ဆီးအနိုင်ရသွားချိန်မှာအားလုံးက အောင်ပွဲခံခဲ့ကြပြီး Sky Sports နဲ့အင်တာဗျူှးမှာ ကလော့ရဲ့ ရင်တွင်းခံစားချက်တွေကလည်း အားလုံးကို ထိရှိစေခဲ့တယ်လို့ ဆိုရမှာပါ။ "ကျွန်တော် တကယ့်ကို ဘာပြောရမှန်း မသိပါဘူး။ ဒီလိုခံစားချက်မျိုး ခံစားရလိမ့်မယ်လို့လည်း မတွေးထားပါဘူး။ ဒါကျွန်တော်တို့ပရိသတ်တွေအားလုံးအတွက်၊ ကင်နီအတွက်၊ စတီဗင်(ဂျရတ်)အတွက်။ ဒီဆုဖလားက အားလုံးအတွက် အဓိပ္ပာယ်အများကြီး ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်"လို့ ကလော့က မျက်ရည်တွေကြားထဲကနေ ပြောခဲ့ပါတယ်။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။