အားလုံး မထင်မှတ်ထားတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေဖို့ နီးစပ်နေပြီဖြစ်တဲ့ ပိုချက်တီနို

Posted on - Jun 29 []

Gunner Ksr

စာရေးသူ

စပါးနည်းပြဟောင်း ပိုချက်တီနိုကတော့ ဘောလုံးပရိသတ်တွေအားလုံး မထင်မှတ်ထားတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စပါးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

အသက် (၄၈) နှစ်အရွယ်ရှိ ပိုချက်တီနိုဟာ စပါးအသင်းကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်ခဲ့ပေမယ့် ဆုဖလားတွေ မရယူနိုင်ဘူးလို့ အကြောင်းပြချက်နဲ့ ကန်ထုတ်ခံခဲ့ရတာပါ။ အဲဒီကတည်းက ပိုချက်တီနိုဟာ အသင်းသစ်ကို ကိုင်တွယ်ခဲ့ခြင်း မရှိဘဲ နည်းပြလောကကနေ အနားယူနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပေါ်တူဂီသတင်းတွေရဲ့အဆိုအရ ပိုချက်တီနိုကို ခေါ်ယူဖို့ ဘင်ဖီကာက ဆက်သွယ်နေခဲ့တယ်လို့ သိရပါတယ်။ ဘင်ဖီကာဟာ ပိုချက်တီနိုကို ဆွဲဆောင်နိုင်တဲ့ လုပ်ခလစာများစွာ ပေးချေသွားမှာဖြစ်ပြီး ပိုချက်တီနိုကိုယ်တိုင်ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ပိုချက်တီနိုသာ ဘင်ဖီကာကို ကိုင်တွယ်ခဲ့ရင်တော့ ဒါဟာ အားလုံးထင်မှတ်မထားတဲ့အရာတစ်ခုလို့ ဆိုမှာပါ။ ပိုချက်တီနိုအနေနဲ့ ဘယ်အသင်းနဲ့အတူ ဘောလုံးလောကကို ခြေပြန်ချမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။