မက်ဆီနဲ့ စီရော်နယ်ဒိုတို့သာ မရှိတော့ရင် ဘောလုံးလောကကြီး ဘာဖြစ်သွားမလဲဆိုတာ ပြောပြခဲ့တဲ့ အီတလီဂန္ထ၀င်

Posted on - Jun 29 []

Gunner Ksr

စာရေးသူ

ကျွန်တ်ာတို့ ဘောလုံးပရိသတ်တွေအားလုံး မကြားချင်တဲ့စကားတစ်ခွန်းက မက်ဆီနဲ့ စီရော်နယ်ဒိုတို့ အနားယူသွားရင်ဆိုတဲ့စကားပဲဖြစ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုခေတ်အလွန်နေ့ရက်တွေကို ဖြတ်ကျော်ဖို့အတွက် ဘယ်သူမှအဆင်သင့်ဖြစ်ကြဦးမှာမဟုတ်ပါဘူး။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ယောက်ဟာ ကျွန်တော်တို့ဘောလုံးလောကအတွက် တကယ့်ကိုရှာမှရှားတဲ့ အဖိုးတန်တွေပဲ ဖြစ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒို မရှိတော့ရင်ဆိုတဲ့စကားက ဘောလုံးပရိသတ်တွေအတွက် နတ်ဆိုးပဲ။ ဖြစ်နိုင်ရင် မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ဦး မှော်ဆန်မှုတွေနဲ့ ပြုစားတာကို ကျွန်တော်တို့တွေ နောက်ထပ်နှစ်ကာလအကြာကြီး ခံစားချင်ပါသေးတယ်။

ဒါပေမဲ့ လူသားတွေဖြစ်တဲ့အလျောက် နှစ်ယောက်စလုံးအနေနဲ့ ဇရာကိုလွန်ဆန်လို့ မရပါဘူး။ လက်ရှိအချိန်မှာ မက်ဆီက (၃၃) နှစ်၊ စီရော်နယ်ဒိုက (၃၅) နှစ်နဲ့ နှစ်ယောက်စလုံးဟာ ကစားသမားနေ၀င်ချိန်နားကို တဖြည်းဖြည်း ချဉ်းကပ်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

အီတလီတိုက်စစ်မှူးဟောင်းဗီယာရီကတော့ မက်ဆီနဲ့ စီရော်နယ်ဒို နှစ်ယောက်စလုံးအနားယူသွားခဲ့ရင် ဘောလုံးလောကကြီးဟာ တကယ့်ကိုကြေကွဲစရာကောင်းသွားလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ "ဘောလုံးလောကမှာ သူတို့နှစ်ယောက်လိုမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့ပါဘူး။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသပြီး ရာသီတိုင်းမှာ ဂိုး (၄၀)၊ (၅၀) လောက်သွင်းယူထားနိုင်သူတွေပါ။ သူတို့လိုမျိုး ဘောလုံးလောကမှာ မရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူတို့ဟာ လက်ရှိမှာ အသက်တွေရလာပါပြီ။ တကယ်လို့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ယောက်စလုံးသာ အနားယူသွားခဲ့မယ်ဆိုရင် ဒါဟာဘောလုံးလောကအတွက် တကယ့်ကိုကြေကွဲစရာကောင်းပြီး ပျက်စီးသွားသလို ခံစားရပါလိမ့်မယ်"လို့ ဗီယာရီက ပြောဆိုသွားခဲ့တာပါ။ ဟုတ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့သာ မရှိတော့ရင် ကျွန်တော်တို့တွေအားလုံး ကမ္ဘာပျက်မတတ် ရူးမတတ်ခံစားသွားရနိုင်ပါတယ်။

Ref: All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။