ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ပရိသတ်တွေ အမြဲမြင်တွေ့ရလေ့ရှိတဲ့ နေရာများ

Posted on - Jun 29 []

Gunner Ksr

စာရေးသူ

ကိုရီးယားဇာတ်လမ်းတွဲဟာ များသောအားဖြင့် သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ တခြားအရာတွေကို ပရိုးမိုးရှင်း ထည့်ဆင်းလေ့ရှိပါတယ်။ ဒါကြောင့် ဒီနေရာတွေဟာ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ပရိသတ်တွေ မကြာခဏ မြင်တွေ့ရလေ့ရှိတဲ့အရာပါပဲ။

ဘူတာရုံ

မြေအောက်ရထားဘူတာရုံဆိုတာ ကိုရီးယားဇာတ်လမ်းတွဲတိုင်းမှာ မပါမဖြစ် ပါလေ့ရှိတဲ့နေရာပါ။ သရုပ်ဆောင်တွေဟာ ဘူတာရုံမှာ sandwich တို့လို အမြန်အစားအစာတွေကို စားလေ့ရှိပါတယ်။

ကော်ဖီဆိုင်

ကိုရီးယားဇာတ်လမ်းတွဲတွေထဲက ကော်ဖီဆိုင်တွေကတော့ ရိုမန့်တစ်ဆန်လွန်ပြီး ချစ်သူနဲ့နှစ်ဦးတည်း ထိုင်ချင်စရာပါ။ လူငယ်အများစု ကြိုက်နှစ်သက်ကြတဲ့ နေရာဆိုရင်လည်း မမှားပါဘူး။ K-pop သီချင်း ချိုချိုလေးနားထောင်၊ ချစ်ရသူနဲ့ ကော်ဖီအတူတူသောက်ရတဲ့ ခံစားချက်က နတ်စည်းစမ်ဆိုတာမျိုးလား။

မီနီမတ်

Mini Market လေးတွေကလည်း ဇာတ်လမ်းတွဲတွေရဲ့ အဓိက အသက်လို့ဆိုနိုင်ပါတယ်။ ဇာတ်လမ်းတွဲအများစုမှာတော့ Mini Market တွေဟာ မင်းသားနဲ့ မင်းသမီးတို့ဆုံရာတစ်ခုဖြစ်ပြီး ခုံတန်းမှာထိုင်ပြီး ဆိုဂျူသောက်တာတို့၊ ခေါက်ဆွဲပြုတ်စားတာတို့ဟာ ကြည့်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေပါပဲ။

Street Food

လမ်းဘေးအစားအစားတွေကလည်း ကြည့်နေတဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့အရာပါ။ သရုပ်ဆောင်တွေက အရသာရှိတဲ့ အစားအစာမျိုးစုံစားပြ၊ သူတို့ချည်း ရို လိုက်နဲ့ ကြည့်နေတဲ့သူကို အားမနာ သရေကျအောင် လုပ်စမြဲပါပဲ။

ဘာဘီကျူစားသောက်ဆိုင်

ဘာဘီကျူစားသောက်ဆိုင်တွေကလည်း ဇာတ်လမ်းတွဲတွေရဲ့ အဓိက အငွေ့အသက်ပါပဲ။ ဇာတ်လမ်းတွဲတွေမှာတော့ အဓိကသရုပ်ဆောင်တွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် အမြဲ ဘာဘီကျူဆိုင်လေးမှာ ဆိုကျူနဲ့ စားသောက်တတ်ကြပါတယ်။ နောက်ပြီး ဇာတ်လမ်းတွဲတွေမှာတော့ အဲဒီဆိုင်လေးတွေဟာ အသည်းကွဲတဲ့အခါ ရင်ဖွင့်ဖို့ အကောင်းဆုံးနေရာဆိုရင်လည်း မမှားပါဘူး။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။