အေဂျင်စီ မကောင်းကြောင်းကို သီချင်းထဲထည့်ဆိုပြီး ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ကြတဲ့ Idol များ

Posted on - Jun 30 []

Gunner Ksr

စာရေးသူ

ဒီ Idol တွေ ဟာ အေဂျင်စီတွေရဲ့ ဖိနှိပ်မှုကို ငြိမ်ခံမနေဘဲ သူတို့ရဲ့ သီချင်းတွေကနေတစ်ဆင့် ရဲရဲဝံ့ဝံ့ ပြန်တုံ့ပြန်ခဲ့ကြတာပါ။

Jay Park

Jay Park ဟာ အစက 2PM အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပေမယ့် နောက်ပိုင်းမှာ Myspace အကောင့်က အငြင်းပွားဖွယ်မှတ်ချက်ကြောင့် JYP ရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် Jay Park ဟာ ကိုယ်ပိုင်အေဂျင်စီကိုတည်ထောင်ခဲ့ပြီး F*CKBOY သီချင်းထဲမှာ Park Jin Young ကို ဆော်ထားခဲ့တာပါ။

Amber

Amber ရဲ့Get Over It သီချင်းထဲ စာသားတချို့ကလည်း SM ကို ရည်ရွယ်ထားပုံ ရပါတယ်။ SM က သူ့ကို ကလေးတစ်ယောက်ကို ဆက်ဆံခဲ့ပြီး စက်ရုပ်တစ်ရုပ်လို သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခိုင်းခဲ့ကြောင်း၊ သူမအနေနဲ့ SM မှာ ရှိစဉ်အခါက နာကျင်ခဲ့ကြောင်း Amber ကသီချင်းထဲ ထည့်ဆိုခဲ့တာပါ။

Tao (EXO အဖွဲ့ဝင်ဟောင်း)

EXO အဖွဲ့ဝင်ဟောင်း Tao ကလည်း T.A.O သီချင်းထဲမှာ SM မှာ ရှိစဉ်အခါက ခံစားချက်တချို့ကို ထည့်သွင်းရေးစပ်ထားခဲ့တာပါ။ သူ့အနေဲ့ အခုအခါ လွတ်လပ်သွားပြီဖြစ်ပြီး အတိတ်ကအကြောင်းတွေကို မေ့ပစ်လိုက်ချင်ကြောင်း၊ SM ဟာ Idol တွေကို စည်းကမ်းအရမ်းတင်းကြပ်တယ်လို့ ထည့်သွင်း စပ်ဆိုခဲ့တာပါ။

Zico

Zica ကတော့ အေဂျင်စီတစ်ခုတည်းကိုပဲ ရည်ရွယ်ပြီးဆိုတာမျိုး မဟုတ်ဘဲ K-pop လောကတစ်ခုလုံးရဲ့ လိုအပ်ချက်တွေကို ထောက်ပြခဲ့တာပါ။ K-pop အေဂျင်စီတွေဟာ သူတို့ရဲ့ Idol တွေကို ကျေးကျွန်သာသာပဲ ဆက်ဆံကြောင်း၊ Zico က Battle Royal သီချင်းထဲမှာ စပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။