ဆာနေးကို (၅) နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်

Posted on - Jul 1 []

Gunner Ksr

စာရေးသူ

ဂျာမန်ဘွန်ဒက်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးတောင်ပံကစားသမား ဆာနေးကို (၅) နှစ်စာချုပ်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဆာနေးဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ စီစဉ်ထားခဲ့ပေမယ့် လီဗာပူးနဲ့ ရာသီကြို ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ACL ဒဏ်ရာရရှိသွားခဲ့လို့ အပြောင်းအရွှေ့ ကြန့်ကြာနေခဲ့တာပါ။ ဒီနှစ်မှာလည်း ဘိုင်ယန်နဲ့ ဆာနေးအကြား ပုဂ္ဂိုလ်လ်ရေး သဘောတူညီမှု ရထားပေမယ့် မန်စီးတီးနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းရာမှာ အဆင်မပြေဖြစ်နေခဲ့တာပါ။

ဒဏ်ရာပြဿနာကနေ ပြန်လည်ရုန်းထလာနိုင်ခဲ့ပြီးနောက် ဆာနေးအနေနဲ့ အရင်လိုပုံစံကောင်းတွေနဲ့ ဘိုင်ယန်မှာ ဆက်လက်တောက်ပသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။