ဘာစီလိုနာနဲ့ အကွဲအပြဲဇာတ်လမ်း ထွက်လာခဲ့တဲ့ မက်ဆီအနေနဲ့ ဂွါဒီယိုလာနဲ့ ပြန်ပေါင်းနိုင်လား

Posted on - Jul 6 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကတော့ နူးကမ့်နဲ့ အကွဲအပြဲဇာတ်လမ်းတွေ တစ်စခန်းထ ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာကို သူကြိုးကိုင်ထားတယ်ဆိုတဲ့ သတင်းတွေကို စိတ်ပျက်လျက်ရှိနေပြီး အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက သတင်းတွေအတိုင်း မက်ဆီဟာ အသင်းကနေ ထွက်သွားခဲ့ရင် ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲဆိုတာပါပဲ။ ဘရာဇီးဂန္ထ၀င်ဟောင်း ရီဗယ်ဒိုကတော့ မက်ဆီအနေနဲ့ ဂွါဒီယိုလာနဲ့ ပြန်ပေါင်းနိုင်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

"မက်ဆီသာ အသင်းကနေထွက်ဖို့ စဉ်းစားနေပြီဆိုရင် ဘာစီလိုနာအ၀တ်လဲခန်းမှာ တစ်ခုခုဖြစ်နေပါပြီ။ ဂွါဒီယိုလာနဲ့ ပြန်လက်လက်တွဲရမယ့်အရာက သူ့ကို ဆွဲဆောင်နိုင်မှာပါ။ ကျွန်တော်ကတော့ မက်ဆီကို အသင်းမှာပဲ ဆက်ရှိဖို့ လိုလားပါတယ်"လို့ ရီဗယ်ဒိုက သုံးသပ်သွားခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူကတော့ မက်ဆီအနေနနဲ့ အသင်းမှာပဲ ကစားသမားဘ၀ ကုန်ဆုံးသွားတဲ့အထိ ကစားမယ်လို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။