ကိုက် (၄၀) အကွာကနေ မန်စီးတီးကို အသည်းခွဲသွားခဲ့တဲ့ အဒမ်စ်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ လှပလွန်းတဲ့ဂိုး

Posted on - Jul 6 []

Gunner Ksr

စာရေးသူ

မန်တီးတီးအသင်းဘက်ကို အသည်းခွဲသွားခဲ့တဲ့ ဆောက်သမ်တန်တိုက်စစ်မှူး အဒမ်ရဲ့သွင်းဂိုးကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး လှပလွန်းတယ်လို့ ဆိုရမှာပါ။ ဆောက်သမ်တန်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးက အံ့အားသင့်ဖွယ် အရေးနိမ့်သွားခဲ့ရတယ်။

ဂွါဒီယိုလာကိုယ်တိုင် ပရီးမီးယားလိဂ်ကို အာရုံစိုက်ဖို့ ခဲယဉ်းသွားပြီလို့ ၀န်ခံထားခဲ့တဲ့အတိုင်း မန်စီးတီးဟာ ဒီပွဲစဉ်မှာ စိတ်မပါ လက်မပါ ပုံစံမျိုးနဲ့ ကစားသွားခဲ့တာပါ။ ဒီပွဲစဉ်မှာ အဒမ်သွင်းယူသွားခဲ့တဲ့ဂိုးကတော့ တကယ့်ကို လှပလွန်းတယ်လို့ ဆိုရမှာပါ။

သူဟာ မန်စီးတီးကစားသမား ဇင်ချန်ကိုဆီက အကောင်းဆုံး ဘောလုံးဖြတ်လုပြီး ရှေ့တက်နေတဲ့ ဂိုးသမား အီဒါဆန်ရဲ့ အနေအထားကို အခွင့်အရေးယူကာ ဆောက်သမ်တန်အတွက်အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဂွါဒီယိုလာအတွက် ဆိုးရွားတဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါဟာ ဂွါဒီယိုလာရဲ့ နည်းပြသက်တမ်း တစ်လျှောက် ပထမဆုံးအကြိမ် အဝေးကွင်း (၃) ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းပါ။ မန်စီးတီးဟာ အဝေးကွင်းမှာ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်တို့ကို ဆက်တိုက်အရေးနိမ့်ခဲ့တာပါ။

အဒမ်ရဲ့ လှပလွန်းတဲ့ဂိုး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။