The Rock နဲ့ ဂျက်ဘလက်တို့ ပါဝင်လာတောမယ့် အံစာတုံးသရဲကား Jumanji အဆက်

Posted on - May 12 []

Vitamin

စာရေးသူ
Ahh10kh3ulzuynyjwgyi


ကျွန်တော်တို့ငယ်ငယ်တုန်းက တိတ်ခွေနဲ့ ခေါက်တုံခေါက်ပြန် ကြည့်ရှုခဲ့ရတဲ့ အံစာတုံးသရဲခေါ် Jumanji ဇာတ်ကားအသစ်ကို လာမယ့် ၂၀၁၇မှာ စတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။ အံစာတုံးလေးခေါက်လိုက်ရာကနေ သူညွှန်ပြတဲ့အတိုင်း ပြင်ပလောကမှာပါ ပုံစံတူလိုက်ဖြစ်ပွားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းကို ကြည့်ဖူသူတိုင်း နှစ်သက်ကြမှာပါ။

ဒီဇာတ်ကားရဲ့အဆက်မှာတော့ နာမည်ကျော် နပန်းမင်းသားကြီးဖြစ်တဲ့ The Rock ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် The Rock က သူနဲ့အတူ နာမည်ကြီးဟာသ သရုပ်ဆောင် ဂျက်ဘလက်ပါ ပါဝင်လာဦးမှာဖြစ်တယ်လို့ သူရဲ့Instagram မှာ ကြေညာသွားခဲ့ပါသေးတယ်။ ဂျက်ဘလက်ကတော့ School Of Rock တို့ Goosebumps တို့လို ဇာတ်ကားများနဲ့ လူကြိုက်များခဲ့သူဖြစ်ပြီး Kung Fu Panda ဇာတ်ကားသုံးကားလုံးမှာ ပန်ဒါလေးရဲ့နေရာက အသံနဲ့သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဂျက်ဘလက်နဲ့ The Rock တို့ပေါင်းစည်းပြီး အံစာတုံးသရဲကားအသစ်ကို ဘယ်လိုရိုက်ကူးပုံဖော်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။

၁၉၉၅ခုနှစ်က ပြသခဲ့တဲ့ Jumanji ဇာတ်ကားမှာတော့ ကွန်လွယ်သွားရှာဖြစ်တဲ့ ဝါရင့်မင်းသားကြီး ရော်ဘီဝီလီယျံက ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

Ref : CNET

ဘုန်းဟိန်းသွေး ( MOMOLAY )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။