အဖေနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကို သူများပေးပစ်ခဲ့တဲ့ အိမ့်ချစ်

Posted on - May 17 []

Q Kyue Ko

စာရေးသူ

နိုင်ငံကျော်အဆိုတော် ဦးချစ်ကောင်းရဲ့ သမီးဖြစ်သူ အဆိုတော် အိမ့်ချစ်ဟာ အဖေတူသမီးတစ်ယောက် ပီပီ အရမ်းကိုအောင်မြင်နေတဲ့ အမျိုးသမီးအဆိုရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဖခင် နဲ့ တစ်နေရာစီနေနေရပေမယ့် ဖခင်ပေးခဲ့တဲ့ အမွေးကို ကြိုးစားစွာ ဆက်ခံရင်း အောင်မြင်လာသူလဲဖြစ်ပါတယ်။ ယနေ့မှာတော့ စိတ်မကောင်းစရာ ၀မ်းနည်းဖွယ်ရာ စာတစ်ချို့ကို သူမရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။ သူမရေးသားခဲ့တဲ့အကြောင်းအရာတွေက အဖေနဲ့ ပတ်သက်တာတွေ ဖြစ်ပြီး အဖေဖြစ်သူနဲ့ အတူနေခဲ့ဖူးတဲ့ အိမ်ကလေးကနေ ယခုအခါမှာတော့ သာယာလှပတဲ့ အိမ်အသစ်လေးဆီကို ပြောင်းနေပါပြီဆိုပြီးလဲ ရေးသားထားပါသေးတယ်။

သူမရေးသားထားတာကတော့ " ဒီနေ့ အိမ်လေးကထွက်လာကတည်းက အတိတ်တွေကို သတိရရင်း မျက်ရည်ကျတယ် ခုစာလေးရေးနေတော့လဲမျက်ရည်ကျနေတုန်းပဲ..ဘဝမှာ လောကဓံဆိုတာကြီးကို ပင်ပင်ပန်းပန်းကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတဲ့အခါ လူသူတွေမသိတဲ့ မျက်ရည်တွေငိုသံတွေ အပျော်တွေရယ်သံတွေကို ကုန်စင်အောင်သိခဲ့တဲ့ အိမ်လေးရေ GoodBye ပါလို့ " ဆိုကာ အစချီခဲ့ပြီးနောက်ပိုင်းမှာတော့ ......

" စပြောင်းခဲ့စဉ်ကတော့မိသားစု သိုက်သိုက်ဝန်းဝန်းလေး အိမ်လေးကလဲ ရှေးအိမ်ပုံစံကို renovates လုပ်ထားတော့လူစိတ်ဝင်စားခဲ့ကြတာပေါ့ အဖေနဲ့အမေက ကိုယ်တိုင်ဆေးသုတ် မီးတွေဆင် ပရိဘောဂတွေဖြည့် ပျော်ကြတာပေါ့ အိမ်ငှားဘဝတွေကနေ ပထမဆုံးအိမ်ပိုင်လေးပြန်ရကြတော့ အဲ့ဒီကနေလိုနဲ့ပဲ အဖေကအိမ်လေးနဲ့ မိသားစုကိုထားခဲ့တယ် အဲ့နေ့ကစလို့ မိသားစုလေး ယိုယွင်းသွားသလို အိမ်လေးလဲ ယိုယွင်းလာခဲ့တာခြံစည်းရိုးလှလှလေးတွေက ဆွေးမြေ့လာ ကျိုးပဲ့လာ ခွေးတွေတိုး မိုးရွာရေကြီးတိုင်းခြံတိုင်လေးတွေပြုတ်ပြုတ်ပါ ဟိုနားကျိုးရင်ရှိတဲ့ အတိုအစလေး နဲ့ပြန် ရိုက် အဲ့လိုကနေအခြေနေမဟန်တော့ ဝါးကပ်တွေပဲကာရတော့တဲ့အခြေနေ ဝါးကပ်ဆိုတာလဲ တစ်နှစ်တစ်ခါလဲရပြန် တစ်ခါလဲခါနီးတိုင်း သားအမိတွေစိတ်ဆင်းရဲရတာလေ ငွေကမရှိ ဒီကြားထဲ နာဂစ်တိုက်တော့ ခေါင်ကပွင့် အကုန်မလဲနိုင်ပြန်တော့ ဟိုတစ်ချပ်လဲဒီတစ်ချပ်လဲ အိမ်နောက်ဖေးမီးဖိုက မိုးတွေယို မိုးရွာတဲ့အချိန်ဆို အိမ်ကိုဧည့်သည်လာမှာသိပ်ကြောက်တာ
ရေတွေယိုတာကို ဒန်အိုးတွေဇလုံတွေနဲ့ ခံထားရတာမို့ လူမြင်မှာရှက်လို့လေ ပြီးတော့ မိုးရေတွေကြောင့် အထပ်သားမျက်နှာကြက်တွေက ဂျေးကွက်တွေနဲ့ မဲနေတာ "

" ပျဉ်းကတိုး /ကျွန်း ဆိုသော်ငြား ကြာလာတော့ ချတက်တာပဲလေ ချတွေတက်ရင် ဆေးတွေဖျန်း ချစားတဲ့တိုင်တွေက ကျိုး ကြမ်းတွေကကျွံ လက်သမားပေါင်းတစ်သိန်းနဲ့ ပြင်ရတာ ခဏခဏ ခြံဘေးကနေရာ လွတ်လေးမှာ အမေက မုန့်ဟင်းခါး လဘက်ရည်ရောင်းစားလိုက် အရက်ဆိုင်လေးဖွင့်လိုက် လူများကိုပစ္စည်းလှောင်ဖို့ငှားလိုက်နဲ့ ရတဲ့ပိုက်ဆံနဲ့စားလဲစား အိမ်လေးလဲပြင် မပြင်နိုင်လဲဒီတိုင်းပဲထား ဝမ်းရေးကခက် ဘဝကကြမ်း ငိုခဲ့ရတဲ့ရက်တွေမနည်းဘူး အပြင်ကနေကြည့်ရင်အိမ်ကြီးကအကြီးကြီး လူတွေကအထင်ကြီး အထဲမှာ ယိုယွင်းမှုပေါင်းများစွာ ဘယ်သူမှမသိခဲ့ကြပဲေ လ " တဲ့ ။

" ဒီလိုနဲ့ပဲနေခဲ့ရင်းငိုခဲ့ရင်း ဘုရားပဲအားကိုးဘာသာရေးတွေလုပ် ရရာအလုပ်တွေအမေလဲလုပ် ကိုယ်ကလဲသီချင်းလေးဘယ်လောက်ပိုက်ဆံရရဆို အကိုကြ်ီးကလဲအလုပ်လေးရ ရာထူးလေးကောင်းလာ အဆင်လေးပြေလာခဲ့ရင်းနဲ့ မျက်ရည်တွေတိတ်ခဲ့ရတယ် အိမ်ထဲမှာငိုသံတွေသိပ်မရှိတော့ဘူး ဒါပေမယ့်ရယ်သံတော့မထွက်နိုင်သေးခဲ့ပြန်ဘူး။ အကိုကြီးကအိမ်ထောင်ကျ ခွဲနေတော့ အမေရယ် ကိုယ်ရယ် မောင်လေးရယ်ပဲကျန်ခဲ့ကြတယ်"

" အဲ့အိမ်လေးထဲမှာ ဒီလိုနဲ့ပဲ ကံလေးပေးလို့ အိမ့်ချစ်ဆိုတာ ဖြစ်လာခဲ့ပြီး တော်တော်ကြာမှ ခြံစည်းရိုးလေးတွေကို လှလှပပလေးပြန်ပြင် အိမ်မျက်နှာကျက်တွေလဲ furnitures တွေထပ်ထည့် မီးတွေဆင်နဲ့ အိမ်လေးက ပြန်ကြည့်ကောင်းလာခဲ့တယ် အလုပ်တွေကြိုးစားခဲ့ ကိုယ့်အလုပ်ကိုတန်ဖိုးထားခဲ့တော့ အစစအရာရာ အဆင်ပြေလာခဲ့တယ် ရယ်သံလေးတွေအစပြန်ပြုလာတယ်.. ဒါပေမယ့် အိမ်ထဲမှာ အတိတ်ပေါင်းများစွာရှိနေခဲ့တာမို့ သံယောဇဉ်ရှိပေမယ့် အတိတ်တွေထဲကလွတ်မြောက်ချင်လာတယ် အဲ့အတွက်ခု အိမ်အသစ်ပြောင်းလိုက်ပြီ...." တဲ့လေ။

နောက်ပြီး အမေနဲ့ ပတ်သက်ကြီး " အမေကအစွဲကြီးတယ် သူငယ်ငယ်လေးထဲကနေခဲ့တဲ့အိမ် သူအိမ်ထောင်တစ်ခုထူထောင်ခဲ့တဲ့အိမ်မို့ အိမ်ထဲက အဖေနဲ့တူတူအိပ်ခဲ့တဲ့ ကုတင်တွေ အဖေ့ ဘီဒိုတွေ သူကသယ်ချင်သေးတာ လုံးဝအသယ်မခံဘူး ။အိမ်အသစ်ကို ပရိဘောဂအကုန်အသစ်အပ်တယ် ၊အဖေနဲ့အမေရဲ့ကုတင်ကြီးကို ဖျက်ပလိုက်ပြီးသူများပေးသင့်တာတွေပေးပလိုက်တယ်။ ပိုက်ဆံပေါနေလို့မဟုတ်ပေမယ့် အတိတ်ကအမှတ်ရစရာပစ္စည်းမှန်သမျှ သူများပေးပစ်ပြီးအကုန်အသစ်ဝယ်တယ် ဒီနေ့ အမေရော ကိုယ်ရောငိုတယ်ဘာကြောင့်မှန်းတော့မသိဘူး ပျော်တာလားဝမ်းနည်းတာလား မသိဘူး" ဆိုကာ ၀မ်းနည်းနာကျီးမှုပေါင်းများစွာနဲ့ရေးသားထားခဲ့တာဖြစ်ပါတယ်။

ချစ်ရတဲ့ပရိသတ်ကြီးရေ အိမ့်ချစ်လေးဝမ်းနည်းနေတာကို ဖြေသိမ့်ပေးလိုက်ကြပါဦးနော်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်၇ှိပါတယ်။

KKK(momolay)
Source - eaintchi fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။