ပရိသတ်တွေ အံ့အားသင့်ရလောက်အောင် Fan Service ရက်ရောလွန်းအားကြီးတဲ့ အမျိုးသမီး Idol အဖွဲ့

Posted on - Dec 22 []

Mia Zin

စာရေးသူ

Idol အဖွဲ့တွေအနေနဲ့ သူတို့တွေကို ပရိသတ်တွေ မှတ်မိအောင်၊ ပိုပြီးကြိုက်နှစ်သက် သဘောကျအောင် ပရိသတ်တွေ သဘောကျတဲ့ အပြုအမူတွေကို ပြုလုပ်ပြကြလေ့ရှိပြီး ဒါတွေကိုတော့ Fan Service လို့ပဲ လွယ်လင့်တကူ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ Idol အဖွဲ့တွေတိုင်းနီးပါးဟာဆိုရင် Fan Service ပေးတတ်ကြတယ်ဆိုပေမယ့်လည်း အခုဖော်ပြပေးမယ့် Idol အဖွဲ့ရဲ့ Fan Service ပေးတတ်မှုကိုတော့ ဘယ်အဖွဲ့မှ လိုက်လို့မှီမယ်မထင်ပါဘူး။

အဲဒီ Idol အဖွဲ့ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယား Idol အဖွဲ့မဟုတ်ပဲ ဂျပန်အမျိုးသမီး Idol အဖွဲ့ပဲ ဖြစ်ပါတယ်။့  Project Idol Group ဖြစ်တဲ့ သူမတို့ အဖွဲ့ရဲ့နာမည်ကတော့ Hauptharmonie ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ကြကာ ၂၀၁၇ ခုနှစ်မှာတော့ အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

သူမတို့အဖွဲ့ဟာ တခြားအဖွဲ့တွေနဲ့ မတူကွဲပြားစွာ ပရိသတ်တွေအတွက် အထူးအစီအစဉ်တစ်ခု ပြလုပ်ပေးခဲ့ပြီး အဲဒီအစီအစဉ်ကတော့ "အိပ်ယာဝင်" လို့အမည်ရပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရချင်တဲ့ ဘယ်သူမဆို သူမတို့အဖွဲ့ရဲ့ အယ်လ်ဘမ်ကို ၀ယ်ယူရမည်ဖြစ်ပြီး အဲဒီနောက်မှာတော့ အထူးလက်မှတ် ၄ စောင်ကို ကံထူးပါက ပွဲကိုတက်ရောက်ပါဝင်ခွင့်ရတာ ဖြစ်ပါတယ်။

ဒီလိုမျိုးတစ်မူထူးလှတဲ့ Fan Service မှာ ကံထူးသူပရိသတ်တွေအနေနဲ့ idol အဖွဲ့ဝင်တွေနဲ့အတူ အိပ်ယာတစ်ခုထဲမှာ လဲလျောင်းခွင့်ရကာ သူတို့တွေနဲ့ ဓာတ်ပုံရိုက်ကူးခွင့်ရမှာဖြစ်တာမို့လို့ အမျိုးသားပရိသတ်တွေအတွက်ကတော့ သဘောကျစရာကောင်းလွန်းလှတဲ့ Fan Service ဖြစ်တယ်လို့ သတ်မှတ်လို့ရပါတယ်။

ပရိသတ်တွေအများစုကတော့ ရတောင့်ရခဲ အခွင့်အရေးကို ရအောင်အသုံးချတဲ့အနေနဲ့ အဖွဲ့ဝင်တွေရဲ့အနားကို ကပ်နိုင်သလောက်ကပ်ကာ ဓာတ်ပုံရိုက်ကူးကြပြီး တချို့တွေကတော့ အဖွဲ့ဝင်တွေနဲ့ ခပ်လှမ်းလှမ်းမှာထိုင်ပြီး စီးကရက်ထိုင်သောက်နေတဲ့ ပုံစံမျိုးတွေ (ဒါမှမဟုတ်) ပိုက်ဆံချန်ထားခဲ့တဲ့ ပုံစံမျိုးတွေ ရိုက်ကူးထားကြတာကို တွေ့ရပါတယ်။

အဆိုပါ Idol အဖွဲ့ရဲ့ Fan Service ပေးမှုကို မြင်တွေ့ရသူ အွန်လိုင်းပရိသတ်တွေ၊ အထူးသဖြင့် ကိုရီးယားပရိသတ်တွေကတော့ ဒီလိုလုပ်ရပ်မျိုးကို ပြစ်တင်ရှုံ့ချထားကြပြီး ဒီလိုရိုက်ကူးမှုတွေဟာ ညစ်ညမ်းကားရိုက်ကူးမှုတွေနဲ့တူညီကြောင်း၊ အမျိုးသမီးငယ်တွေအနေနဲ့ လိင်ကျွန်အဖြစ်ကို ရောက်ရှိအောင် ဆွဲခေါ်ခံနေရကြောင်း စသဖြင့် ဝေဖန်ထားကြပါတယ်။ ပရိသတ်ကြီးတို့ကရော ဒီလိုမျိုး Fan Service နဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုးထင်မြင်မိပါသလဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။