အဖွားဖြစ်သူကို လှောင်အိမ်ထဲထည့်ပြီး ဂျက်စတင်ဘီဘာကို အကြပ်ကိုင်ခဲ့တဲ့ ပရိသတ်

Posted on - Jan 29 []

Mia Zin

စာရေးသူ

သင့်အနေနဲ့ သင်အရမ်းကြိုက်နှစ်သက်တဲ့ အနုပညာရှင် Idol တစ်ယောက်ကို လူမှုကွန်ရက်ကနေ စာတိုတွေ ပေးပို့ဖူးခဲ့ပါသလား။ အများကြီးမဟုတ်ရင်တောင်မှ အနည်းဆုံးတစ်ခါလောက်ပေါ့။ ဒီလိုပေးပို့ချိန်မှာလည်း Idol ဆီကနေ Reply တစ်ခုလောက် ပြန်ရဖို့အတွက် မျှော်လင့်ခဲ့ဖူးကြမယ်လို့ ထင်ပါတယ်။

မိမိတို့ အရူးအမူးကြိုက်နှစ်သက်ရတဲ့ Idol တွေဆီကနေ အသိအမှတ်ပြုမှု (သို့မဟုတ်) အာရုံစိုက်မှု တစ်ခုလောက်ကို ရယူချင်ကြတာ ပရိသတ်တွေတိုင်းရဲ့သဘာဝပါပဲ။ ဒါကြောင့်လည်း Idol ဆီက အသိအမှတ်ပြုမှုကို ရရှိဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားတတ်ကြပါတယ်။

ဒါပေမယ့် ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဂျက်စတင်ဘီဘာရဲ့ ပရိသတ်တစ်ဦးကတော့ တခြားပရိသတ်တွေထက် အနည်းငယ်ထူးခြားတဲ့နည်းလမ်းတစ်ခုနဲ့ သူ့ရဲ့ Idol ဆီကနေ Reply တစ်ခုရလာဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

ဖြစ်ပုံကတော့ ဒီလိုပါ။ အဆိုပါပရိသတ်ဟာ ဂျက်စတင်ဘီဘာကို Twitter Message Box ကနေ စာတွေပို့နေခဲ့ကာ ဂျက်စတင်ဘီဘာဆီကနေ Reply ပြန်ရဖို့အတွက်ကိုလည်း Tweet တွေ များစွာလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျက်စတင်ဘီဘာဘက်က ဘယ်လိုမှ Reply ပြန်မလာခဲ့ပါဘူး။

နောက်ဆုံးမှာတော့ အဲဒီပရိသတ်ဟာ သူ့ရဲ့အဖွားကို လှောင်အိမ်ထဲထည့်ထားတဲ့ပုံတစ်ပုံတင်လိုက်ပြီး ဂျက်စတင်ဘီဘာရဲ့ Reply ကို ရမှသာလျှင် အဖွားဖြစ်သူကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်းဆိုကာ အကြပ်ကိုင်ပါတော့တယ်။

အဲဒီအခါမှာတော့ ဂျက်စတင်ဘီဘာကလည်း ထိုပရိသတ်ရဲ့ စာတွေကို ၀င်ကြည့်ပြီး "သူ့ကို အပြင်ထုတ်ပေးလိုက်ပါကွာ" လို့ဆိုကာ Reply ပြန်လိုက်ပါတော့တယ်။ ဒီဖြစ်ရပ်လေးဟာ လတ်တလောမှာဆိုရင် ဂျက်စတင်ဘီဘာရဲ့ နိုင်ငံတကာက ပရိသတ်တွေအကြားမှာ ပျံ့နှံ့လျှက်ရှိနေကာ ချစ်စရာကောင်းတဲ့ Idol နဲ့ ပရိသတ်ရဲ့ ဆက်ဆံရေးလို့ဆိုထားကြပါတယ်။

Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။