ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ ခြေသည်း၊ လက်သည်းလေးတွေကို ဘယ်လိုပြင်ဆင်ကြမလဲ။

Posted on - Feb 7 []

Rowena

စာရေးသူ

Valentine’s Day နီးကပ်လာပြီဆိုတော့ မိန်းကလေးတွေအနေနဲ့ ချစ်သူနဲ့ တစ်နေကုန် လျှောက်လည်ဖို့ စိတ်လှုပ်ရှားနေမယ် ထင်ပါတယ်။ အဲဒီနေ့လေးက ချစ်သူတွေအတွက် အရေးပါတဲ့ နေ့လေးတစ်နေ့မို့ အလှဆုံးဖြစ်နေချင်တာလည်း မိန်းကလေးတွေရဲ့ ဆန္ဒတစ်ခုပါပဲ။ လှလှလေးဖြစ်နေဖို့အတွက် မိတ်ကပ်၊ အဝတ်အစားစတာတွေသာမက ကိုယ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း သေးသေးမွှားမွှားတွေကအစ ပြီးပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ဒီိလိုဆိုရင် မိုမိုလေးပရိသတ်တွေအတွက် ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ ခြေသည်း၊ လက်သည်းလေးတွေ လှလှလေးဖြစ်စေဖို့ ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ဘယ်လိုပြင်ဆင်မလဲဆိုတာကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Valentines Day ကို ကိုယ်စားပြုတဲ့ အကွက်ပုံစံ လက်သည်းဒီဇိုင်းလေး

အဖြူရောင်နဲ့ အနီရောင်ဟာ ရိုးသားဖြူစင်ခြင်းနဲ့ ရဲရင့်ခြင်းကို ကိုယ်စားပြုတဲ့အရောင်တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်သည်းကို အဖြူရောင်နဲ့ အနီရောင်အသုံးပြုပြီး အသည်းပုံပုံစံ ဖော်ခြင်းကလည်း သင့်ကို ရိုးရှင်းပြီး လှနေစေမှာအမှန်ပါပဲ။ အောက်ခံဒီဇိုင်းလေးကို အကွက်ပုံစံဖော်လိုက်တဲ့အခါမှာတော့ ပိုပြီး ပြီးပြည့်စုံသွားတာပေါ့။

နှုတ်ခမ်းနီရာပုံစံ လက်သည်းဒီဇိုင်း

ချစ်တယ်ဆိုတဲ့ စကားလေးရဲ့ စတင်ရာ၊ အနမ်းချိုချိုလေးတွေရဲ့ ဆင်းသက်ရာ နှုတ်ခမ်းပုံစံလေးက သင့်ကို ဆွဲဆောင်မှုရှိစေမှာအမှန်ပါပဲ။ အောက်ခံရောင်လေးကို အကြည်ရောင်လေးထားပြီး အပေါ်ကို နှုတ်ခမ်းရာပုံစံ အနီလေး ပုံဖော်ခြင်းကလည်း သင့်ကို လူငယ်ဆန်ဆန်နဲ့ ချစ်စရာကောင်းနေစေမှာပါ။

အရိုးရှင်းဆုံးနဲ့ အလှဆုံး အသည်းပုံဒီဇိုင်း

ဒါလေးကတော့ အိမ်မှာ အဖြူရောင်လက်သည်းနီ၊ အနီရောင်လက်သည်းနီနဲ့ သွားကြားထိုးတံတစ်ချောင်းရှိရုံနဲ့ အလွယ်တကူ ပြုလုပ်နိုင်မှာပါ။ အချိန်ကုန်သက်သာစေပြီး ရိုးရှင်းစွာလှနေမှာကြောင့် ချစ်သူက သဘောကျမှာ အမှန်ပါပဲ။

နှလုံးခုန်နှုန်း လက်သည်းဒီဇိုင်း

ရင်ခုန်နှုန်းပုံစံ လက်သည်းဒီဇိုင်းလေးကလည်း တော်တော်လေး လွယ်ကူပြီး လုပ်ရတာ အရမ်းရိုးရှင်းလွန်းပါတယ်။ အနီရောင်လက်သည်းနီလေးဆိုးပြီး သွားကြားထိုးတံလေးနဲ့ အဖြူရောင် နှလုံးခုန်နှုန်းပုံလေးတွေ ရေးဆွဲရုံပဲနော်။

အခုဆို ပရိသတ်ကြီးလည်း Valentine’s Day မှာ လူလေးလှရုံသာမကပဲ လက်သည်းခြေသည်းလေးတွေလည်း လှနေဖို့ ပြင်ဆင်ရမယ့် နည်းလမ်းတွေ သိလောက်ပြီ ထင်ပါတယ်နော်။

Kid
Ref: stylecraze

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။