ဂုဏ်တော် ၉ ပါးကို toiletထဲမှာ ရွတ်ဖတ်မိတာ သင့်မသင့် ဗဟုသုရစရာအကြောင်း ပြောလာတဲ့ မေဦး

Posted on - Feb 7 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် မင်းသမီးတွေကို လှပအောင် ပြင်ဆင်ပေးတဲ့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် မေဦး ဟာဆိုရင် မြန်မာနိုင်ငံရဲ့ နာမည်ကြီးတဲ့ မိတ်ကပ်ပညာရှင်များထဲမှ တစ်ဦးအပါအဝင်ပါ။ မိတ်ကပ်မေဦးက May & Co ဆိုတဲ့ ဆိုင်လေးကို ဖွင့်လှစ်ထားသူပါ။ ဒီတစ်ခါမှာတော့ မေဦးပြောပြတဲ့ ဂုဏ်တော် ၉ ပါးကို toiletထဲမှာ ရွတ်ဖတ်မိတာနဲ့ ပတ်သက်ပြီး ဗဟုသုရစရာအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိတ်ကပ်မေဦး က ဂုဏ်တော် ၉ ပါးကိုတာလီလေးနဲ့စပြီး စိပ်ဖြစ်တယ်လို့ ပြောထားပြီး ၊ Toilet ဝင်တဲ့ အချိန်တွေမှာပါ ရွတ်ပွားမိတယ်လို့ ပြောထားပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Toiletထဲမှာမ ရွတ်ပွားသင့်ဘူးလို့ပြောတဲ့ သူတွေကို ခုလို ပြောထားပါတယ်။

" မေဦး ဂုဏ်တော် ၉ ပါးကိုတာလီလေးနဲ့ဒီနေ့ပဲစပြီးစိပ်ဖြစ်တယ် စိပ်နေရင်းနဲ့ toilet သွားချင်တော့Toilet ထဲဝင်လိုက်တယ် ဒါပေမယ့် toilet ထဲမှာတောင် ဂုဏ်တော်ကိုမပြတ်ပဲရွတ်ပွါးမိပါတယ်🙏🏻ဒီနေရာပြောချင်တာက toilet လိုနေရာမှာ အခုလို ရွတ်ဖတ်တာကောင်းပါ့မလားအတွေးဝင်မိတဲ့သူပြောနဲ့သူတွေအတွက်ပါ "

" တခါက မြတ်စွာဘုရားက ဝဿခါကျောင်းအမကြီးကို မေးခွန်းတခုမေးပါတယ် “မြတ်စွာဘုရားက ဝိဿခါချစ်သမီး သင်ဟာ ငါဘုရားကို ဘယ်အချိန်မှာမေ့လျော့သလဲမေးတော့ ဝိဿခါက အရှင်ဘုရား တပည့်တော်မ အရှင်ဘုရားကို သံဝါဿ ပြုတဲ့အချိန်မှာမေ့လျော့မိပါတယ်လျောက်တော့ မြတ်စွာဘုရားက အေး ဝိဿခါ အဲ့ဒီသံဝါဿ ပြုတဲ့အချိန်တောင် ငါ့ဘုရားကိုမမေ့လျော့ရင် ကုသိုလ်ရပြီး သားသမီးကောင်းရတနာ ထွန်းကားတယ် လို့ မြတ်စွာဘရားမိန့်တော်မှူတာကို
ကြားနာဖူးပါတယ် မှတ်ချက် သံဝါဿဆိုတာ ကာမပြုတာကိုပြောတာပါ ဒါ့ကြောင့် ဘယ်အချိန်ဘယ်နေရာရောက်ရောက်ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်ကို မမေ့လျာ့ပဲ ပွါးများဖို့တိုက်တွန်းအပ်ပါတယ်🙏🏻" ဆိုပြီးပြောထားပါတယ်။

မိတ်ကပ်မေဦးပြောပြထားတဲ့ ဂုဏ်တော် ၉ ပါးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာအကြောင်းကို ပရိသတ်တွေ သိလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;may oo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။