ကိုယ်ဝန်ဆောင်မိခင် ၀မ်းချုပ်ခြင်းနဲ့ အစားအစာ

Posted on - Feb 10 []

Moe Kalay

စာရေးသူ

ကိုယ်ဝန်သန္ဓေတည်ခါစမှ အတွယ် မမြဲသေးတာကြောင့်သားအိမ်ဘာပြောင်းလဲပေးရမလဲဆိုတော့သားအိမ်ကနေ သန္ဓေသားတွယ်နေတာကို မညစ်ထုတ်ရအောင် အတွက် သားအိမ်ကို ငြိမ်အောင်လုပ်ထားရမယ် အဲဒီအချိန်ကာလမှာ ကိုယ်ဆောင် မိခင်တွေအနေနဲ့ ၀မ်းချုပ်ခြင်းတွေ ဖြစ်ပွားနိုင်ပါတယ်။ ၀မ်းချုပ်ခြင်း နဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် အချက်များကို ကိုယ်ဝန်ဆောင် မေမေ တို့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေ ဘာလို့ဝမ်းချုပ်ရသလဲ

ကိုယ်ဝန်ဆောင် မိခင်ရဲ့ သဘောသဘာဝ က ၀မ်းချုပ်တတ်ပါတယ် ။ဘာလို့လဲဆိုတော့ ကိုယ်ဝန် စလွယ်ရပြီဆိုနဲ့ဝမ်းချုပ်တာက စပြပါတယ်။ဝမ်းချုပ်လို့ ဆိုပြီး ၀မ်းနှုတ်ဆေး အပြင်းတွေမစားသင့်ပါ ၊ ၀မ်းနှုတ်ဆေး အပြင်းက ကိုယ်ဝန်ပျက်တတ်လို့ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေ အစားအစာကို ဘယ်လိုစားသင့်လဲ

ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ အစားအစာကို များများစားသင့်တယ် ဆိုပေမယ့် တစ်ထိုင်တည်းမှာ အများကြီးကြိုးစားပြီး မစားသင့်ပါ။ ဘာကြောင့်လဲဆိုတော့ ဗိုက်ထဲက ကလေး လရင့်ပြီး ကြီးလာတဲ့အခါမှာ အစာအိမ်ကိုဖိတတ်ပြီး အစာအိမ်နေရာကျဉ်သွားတတ်ပါတယ်။အစာအိမ်နေရာကျဉ်းသွားတဲ့ အချိန်မှာ အများကြီးစားမိတဲ့အခါ စားလိုက်တဲ့ အစားအစာတွေ အပေါ်ပြန်တက်လာတတ်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင်မိခင်တွေ ဘယ်လိုအစားအစာ ရှောင်သင့်လဲ

ကိုယ်ဝန်ဆောင်မိခင် တွေ အနေနဲ့ မတည့်တဲ့ အစားအစာတွေဖြစ်တဲ့ ၊ ဓညင်းသီး၊ ဆူးပုတ်ရွက်လို့ ကျောက်ကပ် ထိခိုက်စေတဲ့ အစားအစာတွေကိုသာရှောင်သင့်ပါတယ်။ကျန်အဟာရဖြစ်စေတဲ့ အစားအစာနဲ့ အသီးအရွက်တွေကို စားသင့်ပါတယ်။

တစ်ချို့သော ကိုယ်ဝန်ဆောင် မိခင်တွေက တက်စာတွေရှောင်ကြရင်းနဲ့ တကယ်ကိုယ်ဝန်ဆောင်မိခင်တွေ စားသင့်တဲ့ ရုံးပတီသီးလိုမျိုးဗီတာမင်ဓာတ်တွေပါတဲ့ အသီးကို ပါရှောင်ကြတယ် တကယ်တော့ စားသင့်ပါတယ်။ သင်္ဘောသီးကို လည်းစားသင့်ပါတယ်။ သင်္ဘောသီး က ဗီတာမင်ဓာတ်ကြွယ်ဝပြီး ၀မ်းပျော့စေတာကြောင့်ပါ။


Moekalay

တစ်ချို့သော ကိုယ်ဝန်ဆောင် မိခင်တွေက တက်စာတွေရှောင်ကြရင်းနဲ့ တကယ်ကိုယ်ဝန်ဆောင်မိခင်တွေ စားသင့်တဲ့ ရုံးပတီသီးလိုမျိုးဗီတာမင်ဓာတ်တွေပါတဲ့ အသီးကို ပါရှောင်ကြတယ် တကယ်တော့ စားသင့်ပါတယ်။ သင်္ဘောသီးကို လည်းစားသင့်ပါတယ်။ သင်္ဘောသီး က ဗီတာမင်ဓာတ်ကြွယ်ဝပြီး ၀မ်းပျော့စေတာကြောင့်ပါ။


Moekalay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။