သားလေးတက်နေတဲ့ ကျောင်းပါတီကို တက်ရောက်ခဲ့ကြတဲ့ နန်းမြတ်ဖြိုးသင် တို့ဇနီးမောင်နှံ

Posted on - Feb 10 []

Moe Kalay

စာရေးသူ

အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင် က သူ့ရဲ့ ချစ်စရာကောင်းတဲ့ မိသားစု ကို အချိန်ပေးဖြစ်နေတာပါ။ ခုနောက်ပိုင်းမှာ သားလေး နဲ့အတူ ကြော်ငြာလေးတွေ လက်ခံရိုက်ကူးနေတာတွေ့ရပြီး သားလေး ရဲ့ ချစ်စရာအမူအယာလေးနဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် မျှဝေပေးတတ်ပါတယ်။ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ပရိသတ်တွေအတွက် သားလေး ရဲ့ ကျောင်းပါတီ ကို တက်ရောက် ခဲ့ကြတဲ့ နန်းမြတ်ဖြိုးသင် တို့ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းမြတ်ဖြိုးသင် ရဲ့ သားလေး Jack Jack က ခုဆိုရင် ၉လသား အရွယ်ရောက်နေပြီ ဖြစ်ပါတယ်။ သားလေးကို သူ့အရွယ်လေးနဲ့ သိသင့်တတ်သင့်တဲ့အရာလေးတွေ သင်ကြားပေး ခုဆိုရင်Jack Jack လေးကို ကျောင်းထား ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သားလေးတတ်နေတဲ့ ကျောင်းရဲ့ ပါတီ ကို တက်ရောက်ဖြစ်ကြတဲ့ အကြောင်းကို နန်းမြတ်ဖြိုးသင် က ခုလိုပြောထားပါတယ်။

နန်းမြတ် က " ဂျက်လေးတက်နေတဲ့Gymboree Play & Music Myanmar ကျောင်းရဲ့၅နှစ်ပြည့်partyလေးမှာပျော်ခဲ့ရတယ်🤩ကလေးကမဆော့တတ်သေးတော့ဒီမေမေပဲဆော့ပေးခဲ့ရတာပေါ့နော်😛" ဆိုပြီး ပြောထားပါတယ်။

သားလေး ရဲ့ ကျောင်းပါတီမှာ သားလေးနဲ့အတူဆော့ပေးနေတဲ့ နန်းမြတ်

ဂျက်ဂျက်လေး က ဖေဖေ မေမေ တို့နဲ့အတူ ကျောင်းပါတီမှာ ပျော်နေတာပါ။

နန်းမြတ်ဖြိုးသင် တို့ မိသားစု ရဲ့ ကြည်နုးပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;nan myat phyo thin

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။