ဇာတ်ပို့သရုပ်ဆောင် အနုပညာမောင်နှမတွေကို မုန့်ဖိုးပေးခဲ့ရလို့ ပျော်နေတဲ့ ပြေတီဦး

Posted on - Feb 16 []

Moe Kalay

စာရေးသူ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးကတော့ သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရ နိုင်ငံကျော်မင်းသားတစ်ဦးပါ။ သူက ချစ်ရတဲ့ မိသားစုလေးနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်းရင်းဘ၀ကို ဖြတ်သန်းနေတာပါ။ သရုပ်ဆောင်ပြေတီဦးက သူ့ရဲ့အားလပ်တဲ့ အချိန်တွေမှာ သမီးနဲ့သားကို အချိန်ပေးဖြစ်နေတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ချစ်ပရိသတ်တွေအတွက် ပြေတီဦးက ဇာတ်ပို့သရုပ်ဆောင် မောင်နှမတွေကို မုန့်ဖိုးပေးခဲ့ရလို့ ပျော်ရွှင်နေတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီနေ့မှာတော့ သရုပ်ဆောင် ပြေတီဦးက ဒါရိုက်တာ ကိုဇော်အာရုဏ်ဦး နဲ့ မသီတာ တို့ရဲ့ တူမဖြစ်သူ မှတ်တမ်း မအိ ရဲ့ မင်္ဂလာဆောင် ကို တက်ရောက်ခဲ့တာပါ။ အနုပညာရှင်များစွာ တို့ကလည်း မင်္ဂလာပွဲကို တက်ရောက်လာကြတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ပြေတီဦးက မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ ဇာတ်ပို့ သရုပ်ဆောင်များကို မုန့်ဖို့ပေးခဲ့ရတဲ့အကြောင်းကို ခုလိုပြောပြထားပါတယ်။

ပြေတီဦး က " ၁၅ နှစ်လောက် အလုပ်တေ အတူတူလုပ် ကားပေါင်းများစွာအတူတူရိုက်ခဲ့ကြတဲ့ ကိုဇော်အရုဏ်ဦး နဲ့ မသီတာတို့ရဲ့တူမ မှတ်တမ်း မအိ နဲ့ ညီလေး သရုပ်ဆောင် သီဟ တို့ရဲ့ မင်္ဂလာပွဲ ... တသက်တာ ရိုးမြေကျတဲ့အထိ ပေါင်းဖက်ကြပါစေ..အစစ အရာရာ တိုးတက်ကြီးပွား အဆင်ပြေကြပါစေ...ကျွန်တော်ချစ်တဲ့ ဇာတ်ပို့ သရုပ်ဆောင်တေကတော့ ကျွန်တော့်ကိုမြင်တာနဲ့ မုန့်ဖိုးတောင်းရမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကြတယ် ထင်ပါတယ်...ခေါင်းဆောင်ကတော့ ဒါရိုက်တာမိပေါက်ပေါ့လေ... ကျွန်တော်ကလဲ ကျွန်တော်ချစ်တဲ့သူတေကို ပေးနေရရင်ကိုပျော်တာဆိုတော့လေ...ကျွန်တော်တို့တေ နောက်ဆုံးအချိန်ထိ ဒီလူတေနဲ့ အခုလိုပဲ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေသွားချင်ပါတယ်...Love u all.." ဆိုပြီးပြောထားပါတယ်။

ဇာတ်ပို့သရုပ်ဆောင် မောင်နှမတွေကလည်း ပြေတီဦး ဆီကမုန့်ဖိုးရလို့ အရမ်းကိုပျော်ရွှင်နေကြတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ။

သရုပ်ဆောင်ပြေတီဦး က ဇာတ်ပို့သရုပ်ဆောင် မောင်နှမတွေ ကို မုန့်ဖိုးပေးရင် ပျော်ရွှင်ခဲ့ရတဲ့ ပုံရိပ်လေးတွေကို သဘောကျလိမ်ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;pyay ti oo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။