Valentine Day မှာ ချစ်သူ Kim Chiu ကို လူ့တစ်ရပ်စာထက်ကျော်လွန်တဲ့ ပန်းစည်းကြီးလက်ဆောင်ပေးခဲ့တဲ့ Xian Lim

Posted on - Feb 15 []

Mia Zin

စာရေးသူ

ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲတွေထဲမှာ Xian Lim နဲ့ Kim Chiu တို့ စုံတွဲဟာလည်း တစ်တွဲအပါအ၀င်ဖြစ်ပါတယ်။ ၂ ယောက်လုံးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့အပြင် ချောမောကြည့်ကောင်းပြီး လိုက်ဖက်ကြတာမို့လို့ သူတို့စုံတွဲလေးဟာဆိုရင် မြန်မာပရိသတ်တွေနဲ့ မစိမ်းသက်တဲ့ စုံတွဲတစ်တွဲလို့ဆိုရင်လည်း မမှားပါဘူး။

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်း၊ ဂရုတစိုက်ရှိကြောင်းကို အင်တာနက်စာမျက်နှာတွေအထက်ကနေ ဖော်ပြတတ်ကြတဲ့ သူတို့ ၂ ဦးရဲ့ ချစ်သူသက်တမ်းဟာဆိုရင် အခုဆိုရင် ၈ နှစ်ရှိလို့နေပြီဖြစ်ပါတယ်။ ချစ်သူသက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ သူတို့ရဲ့ ဒီနှစ်အတွက် Valentine Day ကိုဖြတ်သန်းခဲ့ပုံဟာဆိုရင်တော့ ကာယကံရှင်သူတို့ ၂ ပေရိသတ်တွေကို ကြည်နူးမှုအပြည့်ဖြစ်စေတယ်လို့ ဆိုလို့ရပါတယ်။

အလုပ်တွေ မအားလပ်ပေးမယ့်လည်း ချစ်သူအတွက်ဆိုရင် အချိန်သီးသန့်ဖယ်ပြီး Surprise တွေလုပ်ပေးတတ်တဲ့ Xian ဟာ ဒီနှစ်မှာတော့ တခြားနှစ်တွေနဲ့ကွဲပြားစွာ ချစ်ရသူ Chiu အတွက် အမှတ်တရလက်ဆောင်တစ်ခုပေးခဲ့ပြီး အဲဒီလက်ဆောင်ကတော့ လူ့တစ်ရပ်စာထက် ကျော်လွန်တဲ့ပန်းစည်းကြီးပါပဲ။

ဒီပန်းစည်းကြီးဟာ ဘယ်လောက်တောင်များကြီးမားသလဲဆိုရင် Xian အပါအ၀င် လူ ၃ ယောက်တောင်မှ သယ်ဆောင်လာရတာဖြစ်ပါတယ်။ နှစ်တိုင်းလိုလို မအားလပ်တဲ့အနုပညာအလုပ်တွေကြားကနေ ချစ်ရသူ Chiu အတွက် အချိန်ပေးပြီးအမှတ်တရတွေ ဖန်တီးပေးတတ်တဲ့ Xian ရဲ့ Surprise တွေထဲမှာ ဒီနှစ်ကတော့ အထူးခြားဆုံးဖြစ်တယ်လို့ ဆိုလို့ရပါတယ်။

ဒီလိုမျိုးလက်ဆောင်ပေးတဲ့အကြောင်းကို Xian Lin က သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေတဆင့် “It's not about Feb 14. It's about celebrating each day and every single moment with you @chinitaprincess ❤️” လို့ရေးသားကာ ချစ်သူနဲ့အတူရှိနေရင် ဖေဖော်ဝါရီ ၁၄ ရယ်မှမဟုတ်ပဲ နေ့ရက်တိုင်း၊ အချိန်တိုင်းက အဓိပ္ပာယ်တွေပြည့်ဝနေတယ်ဆိုတာကို ဖော်ပြထားတာဖြစ်ပါတယ်။

Chiu ကလည်း ချစ်သူရဲ့ Surprise ကြောင့် ရင်ခုန်စိတ်လှုပ်ရှားမိကြောင်းကို သူမတို့ရဲ့စုံတွဲပုံနဲ့အတူ အင်စတာဂရမ်ကနေတဆင့်ဖော်ပြထားပါသေးတယ်။ သူတို့ ၂ ဦးဟာ ၂၀၁၁ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၂ ခုနှစ်မှာ ချစ်သူတွေအဖြစ်ကိုရောက်ရှိခဲ့ကြတာဖြစ်ကာ ချစ်သူတွေဖြစ်နေကြကြောင်းကိုတော့ ၂၀၁၃ ခုနှစ်မှာ တရားဝင်အတိအလင်းကြေညာခဲ့ကြတာ ဖြစ်ပါတယ်။

Source : Xian Lim & Kim Chiu's Instagram
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။