ပရိသတ်တွေကို ချစ်သူများနဲ့ ချစ်သူကောင်လေးနဲ့ ရိုမန့်တစ်ဆန်ဆန် ရိုက်ထားတဲ့ ပုံလေးတွေနဲ့ Surprise လုပ်လိုက်တဲ့ မထက်

Posted on - Feb 16 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ဟာဆိုရင် အနုပညာရှင်တွေကို ခြယ်သပြင်ဆင်ပေးပြီး မြန်မာနိုင်ငံရဲ့ အလှဖန်တီရှင်များထဲမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးပါ။ သူမ သရုပ်ဆောင်ရိုက်ကူးထားတဲ့ " ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ မထက် နဲ့ သူ့ရဲ့ ချစ်သူကောင်လေး တို့ရဲ့ ပုံရိပ်ကလေးတွကို ဖော်ပြပေးလိုက်ပါတယ်နော်။

မထက်ဟာဆိုရင် LGBT လောကထဲမှာ အမျိုးသမီး တစ်ဦးလို အမြဲလှပနေတဲ့ နာမည်ကြီး သူတစ်ဦးပါ။ အမျိုးသမီးတစ်ဦးလို ပြေပြစ်လှပတဲ့ Body ကို ပိုင်ဆိုင်ထားတာကြောင့်လည်း သူမကို ချစ်တဲ့ သူတွေများနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာတွေ့ရပါတယ်။

အလှအပနဲ့ ပတ်သက်ပြီး ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ သူမက ဒီတစ်ခါမှာတော့ ပရိသတ်တွေ လုံးဝထင်မထားတဲ့ Surprise တစ်ခုကို ချပြပေးလိုက်တာပါ။

Surprise ကတော့ ချစ်သူများနေ့မှာ မထက် က အရမ်းစမတ်ဖြစ်တဲ့ ကောင်လေးတစ်ယောက် နဲ့ ရိုမန့်တစ်ဆန်ဆန် ရိုက်ထားတဲ့ အတွဲပုံလေးတွေပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူမချစ်သူပါလို့ ထင်ကြေးပေးနေကြသလို သူမကလည်း ချစ်သူကို ချစ်သူများနေ့မှာ ချပြတော့မှာ ဖြစ်ကြောင်း ပြောထားတာရှိပါတယ်။

မထက်တို့ ရဲ့ စုံတွဲပုံလေးတွေက အရမ်းကိုကြည်နူးစရာကောင်းပြီး လိုက်ဖက်နေတာပါ။

မထက်တို့ ရဲ့ စုံတွဲ အလှပုံရိပ်လေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် တို့ရဲ့ စုံတွဲ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;ma htet

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။