ယောကျာ်းလေး၊ မိန်းကလေးတိုင်း ကြိုက်နှစ်သက်ကြတဲ့ မင်းသားကြီး Jason Momoa ရဲ့ လူငယ်ဘဝပုံရိပ်

Posted on - Feb 17 []

Rowena

စာရေးသူ

DC Studio ရဲ့ Justice League ရုပ်ရှင်ဇာတ်ကားမှာ Aquaman ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Jason Momoa ဟာ ဆွဲဆောင်မှုအပြည့်နဲ့ ရုပ်ရည်၊ ညှို့ အားပြင်းတဲ့ Body Structure တို့ ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးခြင်းကိုရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Jason ဟာ Justice League ဇာတ်ကားမှာသာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာမဟုတ်ပဲ Baywatch Series, Game Of Thrones Series တွေမှာတည်းက ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများနဲ့ ရင်းနှီးခဲ့ပြီးဖြစ်ပါတယ်။ သရုပ်ဆောင်လည်းပီပြင်ပြီး အပြင်မှာလည်း သဘောကောင်းပြီးဖော်ရွေတတ်တဲ့ မင်းသားကြီး Jason Momoa ရဲ့ ညှို့ အားပြင်းလှတဲ့ လူငယ်ဘ၀က ပုံရိပ်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁၉၈၉) မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ နာမည်ကြီး Baywatch စီးရီးမှာတော့ Jason Momoa က လူသိနည်းတဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဒီပုံတွေမှာတော့ Jason Momoa ကို အခုလိုပုံစံ နည်းနည်းစတင်ပြောင်းလဲလာတာကို တွေ့ရပါတယ်။

Jason Momoa က သူ့ရဲ့ လူငယ်ဘဝမှာ dreadlocks ဆံပင်နဲ့ ဂေါ်ခဲ့ပါသေးတယ်။

(၂၀၀၄) ခုနှစ်က Stargate: Atlantis စီးရီးမှာ သရုပ်ဆောင်ခဲ့တဲ့ ပုံရိပ်

(၂၀၁၀) မှာတော့ dreadlocks ဆံပင်တွေ မရှိတော့ပါဘူး။

"Game Of Thrones" ဇာတ်လမ်းတွဲထဲက Barbarian အဖြစ် သရုပ်ဆောင်ခဲ့စဉ်က

မကြိုက်တဲ့သူမရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ Aquaman ရုပ်ရှင်မှာ သရုပ်ဆောင်စဉ်က

သူ့ရဲ့ လက်တလော street style တွေကလည်း အလန်းနော်။

Golden Globes 2020 event ကို စွပ်ကျယ်လက်ပြတ်နဲ့ တက်လာတဲ့ လက်တလောပုံရိပ်

Jason Momoa ကတော့ လက်ရှိမှာ အသက် (၄၁) နှစ်ကို ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ အောင်မြင်မှုတွေကို တစ်ရှိန်ထိုး တက်နေဆဲ ဖြစ်ပါတယ်။

Kid
Ref: brainberries

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။