သူတို့ချစ်သူတွေအတွက် ပန်းစီးတွေ ၊အရုပ်တွေ ရွေးနေကြတဲ့ ယောကျာ်းထုကြီးကိုကြည့်ပြီး ပီတိဖြစ်တယ် ဆိုတဲ့ ဧငြိမ်းဖြူ

Posted on - Feb 17 []

Moe Kalay

စာရေးသူ

လူငယ်ပရိသတ်တွေ အရမ်းချစ်စရာကောင်းတဲ့ သရုပ်ဆောင် ဧငြိမ်းဖြူ ဟာဆိုရင် တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ အမိုက်စား ပုံရိပ်ကလေးတွေကို လူမှု့ကွန်ယက်မှာ ချပြလေ့ရှိပါတယ်။ ဧငြိမ်းဖြူ နဲ့ ချစ်သူ အဆိုတော် ရဲရင့်အောင် တို့က ဖေ့စ်ဘွတ်ပေါ်မှာ ကြည်နူးစရာကောင်း တဲ့ ပုံလေးတွေကိုလည်း ဖော်ပြလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အားပေးချစ်ခင်နေကြတာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ် ကြီးအတွက် ချစ်သူများနေ့မှာ သူတို့ချစ်သူတွေအတွက် ပန်းစီးတွေ ၊အရုပ်တွေ ရွေးနေကြတဲ့ ယောကျာ်းထုကြီးကိုကြည့်ပြီး ပီတိဖြစ်တယ် ဆိုတဲ့ ဧငြိမ်းဖြူ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် ဧငြိမ်းဖြူက အမိုက်စား ပုံရိပ်ကလေးတွေနဲ့ သူ့ရဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားသူ ဖြစ်သလို သူမက ရုပ်ရှင်ဇာတ်ကားကြီး တွေကို လည်း သရုပ်ဆောင် ရိုက်ကူးထားသူပါ။လတ်တလောမှာလည်း သူမက "A" ဆိုတဲ့ရုပ်ရှင်ကားကြီး ကို ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

ဧငြိမ်းဖြူ က ချစ်သူများနေ့မှာ သူတို့ ချစ်သူတွေအတွက် ပန်းဆိုင်တွေ၊ အရုပ်ဆိုင်တွေမှာ ရွေးနေကြတဲ့ ယောကျာ်းထုကြီးကို ဘေးကကြည့်ပြီး ပီတိဖြစ်ရတယ်လို့ ခုလိုပြောထားပါတယ်။

ဧငြိမ်းဖြူက " ဒီနေ့တစ်နေ့လုံးအပြင်မှာတွေ့နေရတာကောင်လေးတွေက အရုပ်လေးတွေရွေးလိုက်ပန်းလေးတွေရွေးလိုက်နဲ့ ပန်းဆိုင်မှာယောကျာ်းထုကြီးကိုကြည့်ပြီး သူတို့ချစ်သူတွေအတွက်ရွေးပေးနေလိုက်ကြတာ... ကိုယ်ကဘေးကမြင်ပြီး ပီတိတွေဖြစ်လို့သူတို့ကောင်မလေးတွေသာဒီမြင်ကွင်းလေးမြင်ရင်အရမ်းပျော်မှာပဲလို့.... ချစ်တတ်တဲ့ယောကျာ်းတွေတကယ်ရှိပါတယ်....." ဆိုပြီး ပရိသတ်တွေကို ပြောထားပါတယ်။

"ပန်းစည်းတွေအရုပ်တွေပေးမှ အချစ်လို့ပြောတာမဟုတ်ဘူးနော်... ဒီနေ့ကိုယ်မြင်ခဲ့ရတဲ့ ကြည်နူးစရာမြင်ကွင်းလေးကိုသဘောကျလို့ အသိမှတ်ပြုတာပါနော် 🥰" လို့ပြောထားပါသေးတယ်။

ဧငြိမ်းဖြူ တို့ ချစ်သူ နှစ်ဦးကလည်း တစ်ယောက်ကို တစ်ယောက် သစ္စာရှိကြပြီး နားလည်မှုများစွာနဲ့ သူတို့ရဲ့ ချစ်ခရီးလမ်းကို လျှောက်နေကြတာပါ။

သရုပ်ဆောင် ဧငြိမ်ဖြူ ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;a nyein phyu

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။