အရွယ်ရောက်ပြီးသား လူကြီးတွေကိုတောင် မျက်ရည်မဆည်နိုင်ဖြစ်စေတဲ့ ကာတွန်းကား (၇) ကား

Posted on - Feb 17 []

Rowena

စာရေးသူ

ကလေး ရုပ်ရှင်တော်တော်များများက ကလေးတွေ ကြိုက်လောက်မယ့် ထူးထူးဆန်းဆန်း အကြောင်းတွေကို ရိုက်ကူးထားတာမျိုး ဖြစ်ပါတယ်။ ကာတွန်းတွေက ကလေးတွေအတွက် ရည်ရွယ်တယ်ဆိုပေမယ့် အရွယ်ရောက်ပြီးသား လူကြီးတွေကိုပါ ဆွဲဆောင်ထားနိုင်တာကို တွေ့ရပါတယ်။ သင်က သင့်ကလေးနဲ့အတူတူ ကာတွန်းကြည့်ရင်းနဲ့ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ ရုပ်ရှင်တွေကိုလည်း ကြည့်ဖူးမယ် ထင်ပါတယ်။ အခုဖော်ပြပေးမယ့် ကာတွန်းကားတွေကတော့ အရွယ်ရောက်ပြီးသား လူကြီးတွေကိုပါ မျက်ရည်မခိုင်စေခဲ့တဲ့ ကာတွန်းတွေပဲ ဖြစ်ပါတယ်။

Up

Up ကာတွန်းကားရဲ့ ပထမဆုံး မိနစ်ငါးဆယ်ခန့်ကို မျက်ရည်မဝဲပဲ ကြည့်နိုင်ရင်တော့ သင်က သာမာန်လူမဟုတ်ပါဘူး။ အဘိုးကြီး Carl Fredricksen နဲ့ သူ့ရဲ့ဇနီး Ellie Fredricksen တို့ရဲ့ အဆုံးသတ်မလှတဲ့ အချစ်ဇာတ်လမ်းက ကြည့်ရှုသူတိုင်းကို မျက်ရည်မခိုင်စေပါဘူး။

Inside Out

Inside Out ရုပ်ရှင်ဇာတ်ကားထဲက riley ရဲ့ စိတ်ကူးထဲက သူငယ်ချင်း bing bong ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းကတော့ ကလေးတွေမပြောနဲ့ လူကြီးတွေကိုတောင် မျက်ရည်ကျစေပါတယ်။

Dumbo

နာရွက်ကားကားကြီးတွေနဲ့ ဆင်ကလေး Dumbo နဲ့ သူ့ရဲ့မေမေ ရဲ့ သနားစရာအဖြစ်ကလည်း ကြည့်ရှုသူတိုင်းကို မျက်ရည်ကျစေမယ်ဆိုတာ သေချာပါတယ်။

Toy Story ရုပ်ရှင်ဇာတ်ကားများ

ဒီရုပ်ရှင်ကတော့ လူတွေမမြင်နိုင်တဲ့အခြမ်းက အရုပ်လေးတွေ အသက်ဝင်လှုပ်ရှားမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ တကယ့်လူအစစ်တွေထက် စိတ်ထိခိုက်လွယ်တဲ့ အရုပ်လေးတွေရဲ့ အကြောင်းကလည်း သနားစရာပါပဲ။

Coco

သေပြီးသား ဝိညာဉ်တွေက သူတို့ရဲ့ မိသားစုတွေဆီက အမေ့လျော့ခံမဖြစ်ရအောင် ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးကလည်း Pixar ရဲ့ အကောင်းဆုံး ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

The Lion King

ခြင်္သေ့ကြီး Mufasa သေသွားတဲ့ ဇာတ်ဝင်ခန်းကတော့ အရွယ်ရောက်ပြီးသားသူတစ်ယောက်အတွက်တောင် လက်ခံဖို့ ခက်ခဲ့စေပါတယ်။ မျက်လုံးလေးပိတ်၊ ထိုဇာတ်ဝင်ခန်းက ဇာတ်ဝင်တေးသီချင်းလေး နားထောင်ရင်း မျက်လုံးထဲ မြင်ယောင်ကြည့်ရင်း မျက်ရည်တွေ ကျလာပါစေလိမ့်မယ်။

Bambi

Bambi ရဲ့ မေမေက Bambi နဲ့ အစာစားနေတုန်း သေနတ်သမား အပစ်ခံရတဲ့ ဇာတ်ဝင်ခန်းလောက် မျက်ရည်ကျရတဲ့အခန်း မရှိပါူး။ ပရိသတ်ကြီးရော ဒီကာတွန်းကားတွေထဲက ဘယ်ကားကို အကြိုက်ဆုံးလဲ?

Kid
Ref: brainberries

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။