နှစ်ခါပြန်ကြည့်မှ သဘောပေါက်မယ့် ထူးထူးဆန်းဆန်း ပုံရိပ်များ

Posted on - Feb 18 []

Rowena

စာရေးသူ

ကျွန်ုပ်တို့ရဲ့ လူ့ဦးနှောက်သည် လျှပ်စစ်ဓာတ်အား (၁၂ )ဝပ်ခန့် ထုတ်လုပ်တယ်ဆိုတာကို သင်သိပါသလား? (၁၂ )ဝပ် ဆိုတဲ့ ပမာဏက အလင်းအားနည်းတဲ့ မီးသီးတစ်လုံးကိုတောင် မီးလင်းစေနိုင်ပါတယ်။ ဒါကြောင့်သင့် ဦး နှောက်ကိုပိုမိုအလုပ်လုပ်စေဖို့ ယှဉ်ပြိုင်မှုတစ်ခုကို ပြုလုပ်မလား? ဒီဓာတ်ပုံတွေကို ဘယ်လောက်မြန်မြန် ပုံဖော်မယ်ဆိုတာကို ကြည့်ကြရအောင်။ ဒါဆို သင့်ရဲ့နာရီကိုကြိုတင်ပြင်ဆင်ပြီး ဦး နှောက်ကဘယ်သူ့ကိုအမြန်ဆုံးရလဲဆိုတာ စကြရအောင်။

ရုံးခန်းထဲက စုံတွဲ

ဒီပုံကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ စုံတွဲတစ်တွဲရဲ့ ပုံပဲ ဖြစ်ပါတယ်။ အမှတ်တမဲ့ကြည့်ရတော့ ဒေါက်ဖိနပ်စီးပြီး အနောက်ကနေ သိုင်းဖက်ထားတာ ကောင်လေးလား? ကောင်မလေးလား?

ဗလတောင့်တောင့်နဲ့ ကလေး

ဒီပုံကို ရုတ်တရက်ကြည့်ရင်တော့ ကလေးတစ်ယောက်က ကြွက်သားအဖုအထစ်တွေနဲ့ သန်စွမ်းနေတာလားလို့ ထင်မိပါလိမ့်မယ်။ ဒါပေမယ့် သေသေချာချာကြည့်မှ အဖြစ်မှန်ကို သိပါလိမ့်မယ်။

ရထားပေါ်က အမျိုးသမီး

ရထားစီးနေတုန်း ဒီလိုမြင်ကွင်းကို တွေ့ရမယ်ဆိုရင် သင့်ရဲ့ အာရုံထဲမှာ ဘာက အရင်ရောက်လာမှာလဲ? ကြည့်ကြည့်ချင်းမှာတော့ စာဖက်နေတဲ့ အမျိုးသမီးက ကိုယ့်ကို လှည့်ကြည့်နေသလိုပဲနော်။

ကောင်မလေးကို မဖွယ်မရာလုပ်နေတဲ့ လက်ရှည်ကြီး

ကျွန်ုပ်တို့က လူတွေအများကြီးရှိတဲ့နေရာမှာ သွားလာရတဲ့အခါ မျက်လုံးတွေက မှားယွင်းတတ်ပါတယ်။ ဒီပုံမှာဆိုရင် လမ်းလျှောက်နေတဲ့ လူကြီးရဲ့လက်က ရှည်ထွက်လာပြီး ကောင်မလေး ဘောင်းဘီအိပ်ကပ်ကို နှိုက်နေသလိုပဲနော်။

ဘွဲ့ဝတ်စုံကထွက်လာတဲ့ လက်ကြီး

မူကြိုကျောင်းကနေပြီး ဘွဲ့ရခဲ့တဲ့ ကလေးလေးက သူ့ရဲ့ ပျော်စရာနေ့လေးကို ဖခင်နဲ့အတူတူ ဖြတ်သန်းခဲ့ပါတယ်။ သို့သော်လည်း ကလေးဝတ်ထားတဲ့ ဘွဲ့ဝတ်စုံရဲ့ ညာဘက်ကိုကြည့်ရင်တော့ ကလေးလက်မဟုတ်တဲ့ လက်ကြီးကို မြင်ရပြီး ရှော့ခ်ရသွားစေနိုင်ပါတယ်။

ခြေထောက်သုံးချောင်းနဲ့ မိန်းကလေး

လူတစ်ယောက်ရယ်လို့ ဖြစ်လာရင် ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ ခေါင်းတစ်လုံးနဲ့ချည်းပါပဲ။ ဒါပေမယ့် ဒီမိန်းကလေးကို ရုတ်တရက်ကြည့်ရင်တော့ ခြေထောက်သုံးချောင်းဖြစ်နေတာလားလို့ ထင်မှတ်သွားစေနိုင်ပါတယ်။

ဒီပုံကိုကြည့်လိုက်ရင်တော့ ပုံထဲက အမျိုးသမီးနှစ်ယောက်က အောက်ပိုင်းတစ်ခုတည်းနဲ့ ခါးတွေဆက်နေတယ်လို့ ထင်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီပုံကတော့ miss popular 2012 ရတဲ့ ကောင်မလေးတစ်ယောက်ကို ကျန်တဲ့နှစ်ယောက်က ချီထားတဲ့ ပုံပဲ ဖြစ်ပါတယ်။

ဘယ်သူက ဘာလဲ

ဒီပုံကတော့ ချစ်သူနှစ်ယောက် ပန်းခြံထဲမှာ ကြည်ကြည်နူးနူုးရိုက်ထားတဲ့ ပုံဖြစ်ပေမယ့် ရုတ်တရက်ကြည့်ရင်တော့ ဘယ်ဟာက ဘယ်သူမှန်းမသိပဲ သင့်ကို အကြောင်ရိုက်သွားစေနိုင်ပါတယ်။

စတိုးဆိုင်ထဲက ဘောင်းဘီမပါတဲ့ ကောင်မလေး

ဒီပုံကလည်း ရုတ်တရက်ဆို သင့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမှာပါ။ ဒါပေမယ့် ဒီပုံက စတိုးဆိုင်ထဲက အောက်က အင်္ကျီအဖြူနဲ့ ကောင်မလေးက နောက်ကောင်မလေးကို ကျောပိုးထားတဲ့ ပုံပဲ ဖြစ်ပြီး သင့်ကို တဒဂ္ဂ မျက်စိလည်သွားစေတာ ဖြစ်ပါတယ်။

Kid
Ref: inspiredot

စတိုးဆိုင်ထဲက ဘောင်းဘီမပါတဲ့ ကောင်မလေး

ဒီပုံကလည်း ရုတ်တရက်ဆို သင့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမှာပါ။ ဒါပေမယ့် ဒီပုံက စတိုးဆိုင်ထဲက အောက်က အင်္ကျီအဖြူနဲ့ ကောင်မလေးက နောက်ကောင်မလေးကို ကျောပိုးထားတဲ့ ပုံပဲ ဖြစ်ပြီး သင့်ကို တဒဂ္ဂ မျက်စိလည်သွားစေတာ ဖြစ်ပါတယ်။

Kid
Ref: inspiredot

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။