ချစ်သူများနေ့မှာ ပရိသတ်တွေကို Surprise အကြီးကြီးတိုက်လိုက်တဲ့ ထက်အဉ္ဇလီ

Posted on - Feb 17 []

Moe Kalay

စာရေးသူ

Myanmar Idol Season4 ရဲ့ ပြိုင်ပွဲဝင် ထက်အဉ္ဇလီ ဟာဆိုရင် အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့သူလေးပါ။ သူမရဲ့စင်ပေါ်မှာ သီချင်းဆိုတဲ့ အမူအယာလေးတွေကလည်း ပရိသတ်ရင်ထဲထိခဲ့တာပဲ ဖြစ်ပါတယ်။ သူမက ပြိုင်ပွဲ ကနေ vote အနည်းဆုံးပြိုင်ပွဲဝင် ဖြစ်ခဲ့တာကြောင့် Myanmar idol က နေ နှုတ်ဆက်ထွက်ခွာ ခဲ့ရသူလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်တွေအတွက် ပရိသတ်တွေကို အံအားသင့်စေလောက်အောင် ချစ်သူများနေ့မှာ Surprise အကြီးကြီးတိုက်လိုက်တဲ့ အဆိုတော် ထက်အဉ္ဇလီ ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထက်အဉ္ဇလီ က ပြိုင်ပွဲပြီးဆုံးပြီးနောက်ပိုင်းမှာ နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေနေတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ထက်အဉ္ဇလီ က ချစ်သူများနေ့မှာ လိင်တူမိန်းကလေးတစ်ယောက် နဲ့ ရိုမန့်တစ်ဆန်ဆန် အတွဲပုံရိပ်လေးတွေ နဲ့ ပရိသတ်ကြီးကို surprise လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ထက်အဉ္ဇလီ က " အေးဆေးဘဲ😎 ဘာကြည့်နေတာလဲ??🧐အားကျမခံ အခုပဲMentionခေါ်ပြီး ကိုယ့်အချင်းချင်းပဲ Shipလိုက်တော့လေ " ဆိုပြီး ရေးထားပါတယ် ပရိသတ်ကြီးရေ။

ပရိသတ်တွေကလည်း သူမရဲ့ ရိုမန့်တစ်ဆန်ဆန် အတွဲ ပုံရိပ်တွေကြောင့် အရမ်းကို အံဩနေကြတာတွေ့ရပါတယ်။

မိုမိုလေး ပရိသတ်တွေ ကလည်း ထက်အဉ္ဇလီ ရဲ့ အတွဲပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Htet Inzali

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။