ဇာတ်ပို့သရုပ်ဆောင် အနုပညာမောင်နှမတွေကို ညစာဖိတ်ကျွေးခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံ

Posted on - Feb 18 []

Moe Kalay

စာရေးသူ

အများကချစ်ခင်အားကျရတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံတွေထဲမှာ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံ ဟာဆိုရင် သရုပ်ဆောင်လောကမှာ ဇနီးမောင်နှံ နှစ်ယောက်လုံးက အောင်မြင်မှုများစွာရရှိထားတဲ့ ပရိသတ်အချစ်တော်စုံတွဲပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံ မှာဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သားလေး ကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံက သမီးလေး နဲ့ သားလေးတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ချစ်ပရိသတ်တ်ေအတွက် ဖော်ပြပေးလေ့ရှိသလို မိသားစု ကြည်နူးစရာကောင်းတဲ့ video file လေးတွေကိုလည်း မျှဝေပေးလေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့က သူတို့ ရဲ့ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ ဇာတ်ပို့သရုပ်ဆောင်များကို ဖိတ်ပြီး သူတို့ရဲ့ အိမ်မှာပျော်ပျော်ပါးပါး ညနေစာ ဖိတ်ကျွေးခဲ့တာပါ။

သရုပ်ဆောင် နန္ဒကျော်စွာက လည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုရေးထားပါသေးတယ်။

"အခုလိုဆုံဆုံညီညီနဲ့မပျော်ရွှင်ရတာနှစ်ပေါက်ခဲ့ပြီ😞..ငြိမ်သက်နေတဲ့ ပျော်ရွှင်ခြင်းတွေ🤹‍♂️ တဖန်ပြန်လည်နိုးထခွင့်အတွက် ကျေးဇူးအထူးပါ..တီတီနဲ့မအူဝဲ..🤘👍 ဟုတ်ကဲ့ ကျွန်တော်တို့အားလုံး ပို၍ ပို၍ ပျော်ခဲ့ရပါသည်..မှတ်ချက်..တီတီကမင်္ဂလာ​ဆောင်မှာဆုံခဲ့စဉ် အဖွဲ့သား အားလုံးကိုဖိတ်ခိုင်းတာပါ..ကျွန်တော်တို့လက်ဆင့်ကမ်းဖိတ်ကြားမှုမှကျန်ခဲ့သည်ရှိသော် ကျွန်တော်တို့၏ ချို့ယွင်းချက်မျှသာ..I ❤ U All 🤘" ဆိုပြီးပြောထားပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။