ပရိသတ်တွေကို မသိမသာဂျင်းထည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားထဲက အလွဲအကြီးကြီးတွေ

Posted on - Feb 18 []

Rowena

စာရေးသူ

ကျွန်ုပ်တို့က ထူးထူးဆန်းဆန်း ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်သက်ကြတာချည်း ဖြစ်ပါတယ်။ တချို့သော ရုပ်ရှင်တွေက ကြည့်ရှုသူ ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ဝင်ခန်းတွေကို ထည့်ပြီး ရိုက်ကူးပေမယ့် အဲ့ဒါတွေက လက်တွေ့ဘဝနဲ့ မသိမသာ ကွာခြားကြတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားထဲက ပရိသတ်တွေ မသိတဲ့အလွဲတွေကို ပြောပြလိုက်ပါတယ်။

ရုပ်ရှင်ဇာတ်ကားထဲမှာဆို ရဲက လူဆိုးကို CCTV မှာ ကြည့်တဲ့အခါ လူဆိုးတွေရဲ့ မျက်နှာကို ပြတ်ပြတ်သားသား မြင်ရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ CCTV ထဲက မျက်နှာတွေကို ချဲ့ကြည့်ရင်တော့ ဝါးတားတားသာ မြင်ရမှာ ဖြစ်မှာပါ။

ရုပ်ရှင်ထဲမှာဆို လေဝင်လေထွက်ပေါက်တွေက လူတစ်ကိုယ်စာ လွတ်လွတ်လပ်လပ် သွားလာလို့ရပေမယ့် တကယ့်လက်တွေ့မှာတော့ လေဝင်လေထွက်ပေါက်တွေက အရမ်းကျဉ်းမြောင်းလွန်းတာပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ထဲမှာ ဗုံးပေါက်ကွဲတဲ့ဇာတ်ဝင်ခန်းတွေမှာ မီးတောက်ကြီး ဟုန်းကနဲ ထတောက်ပြီး လောင်ကျွမ်းတာကို တွေ့ရပေမယ့် အပြင်မှာ တကယ်သာ ဗုံးပေါက်ရင်တော့ ဖုန်တွေနဲ့ အပျက်အစီးတွေကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ထဲမှာ အသားစားငါးတွေက သက်ရှိလူတစ်ယောက်ကိုတွေ့ရင် အငမ်းမရ စားသောက်ဖျက်စီးဖို့ ကြိုးစားကြပေမယ့် အပြင်မှာတော့ အသားစားငါးတွေက ကြောက်တတ်ပြီး သတိကြီးတဲ့ ငါးအမျိုးအစား ဖြစ်ပါတယ်။ ဘယ်လို လူမျိုးမှ အသားစားငါးကြောင့် သေသွားရတယ်ဆိုတာမျိုးက အပြင်မှာ လုံးဝမရှိပါဘူး။

ရုပ်ရှင်ထဲမှာ လူတစ်ယောက်က နုန်းမြေထဲနစ်သွားရင် အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်ကြီး နစ်မြုပ်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တကယ့်အပြင်မှာတော့ နုန်းမြေဟာ လူတစ်ယောက် (သို့မဟုတ်) တိရစ္ဆာန်တစ်ကောင်ကို နစ်သွားအောင်လုပ်ဖို့ အချိန်အနည်းငယ် ကြာပါတယ်။

ရုပ်ရှင်ထဲမှာဆို လေယာဉ်ပျံနေတုန်း လေဝင်ပေါက်တစ်ခုခုဖြစ်သွားရင် ပြတင်းပေါက်မှန်တံခါး ပွင့်သွားရင် လေယာဉ်ပေါ်က လူတွေက လေထဲကို စုပ်ယူခံလိုက်ရပါတယ်။ လက်တွေ့မှာသာ ပြတင်းတံခါးတွေကွဲရင်တော့ လေယာဉ်နဲ့ အပြင်က လေထုက စက္ကန့်အနည်းငယ်တော့ Stable ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။