ရေမချိုးဖြစ်တဲ့နေ့တွေမှာ အနံ့ဆိုးတွေမထွက်စေပဲ မွှေးကြိုင်နေစေဖို့ ပြုလုပ်သင့်တဲ့ နည်းလမ်းကောင်းများ

Posted on - Feb 19 []

Rowena

စာရေးသူ

ကျွန်ုပ်တို့ကို သန့်ရှင်းသပ်ရပ်စေဖို့နဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ရေချိုးခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ခရီးရက်ရှည်သွားနေရတဲ့ အချိန်မျိုးမှာတော့ ရေချိုးဖို့ မဖြစ်နိုင်တာတွေရှိပါတယ်။ တကယ်လို့ ရေမချိုးဖြစ်ဘူးဆိုရင်တောင် သင့်ကို အနံ့ဆိုးတွေမထွက်စေဖို့က အရေးကြီးပါတယ်။ အကြောင်းတစ်ခုခုကြောင့် ရေမချိုးဖြစ်တဲ့အချိန်တွေမှာတောင် ကိုယ်သင်းနံ့လေး မွှေးနေစေဖို့အတွက် အောက်ပါနည်းလမ်းတွေကို ပြုလုပ်သင့်ပါတယ်။

၁. body oils တွေကို အသုံးပြုပါ။

အနံ့သင်းသင်းလေးကို ရရှိစေဖို့အတွက် ရေမွှေးထက် body oils တွေက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ body oils တွေက စပရေးနဲ့ဖြန်းတဲ့ ရေမွှေးတွေထက် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြာရှည်စွာ ခံပါတယ်။

၂. baby wipes လေးတွေ အသုံးပြုပါ။

အနံ့ဆိုးများကို ဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားများကို ဖယ်ရှားဖို့အတွက် အစိုဓာတ်ကောင်းကောင်းပါတဲ့ baby wipes လေးတွေက သင့်ကို အတိုင်းအတာတစ်ခုအထိ သန့်ရှင်းသွားစေမှာ ဖြစ်ပါတယ်။

၃. အနံ့အသက်ပျောက်ဆေး ခဏခဏ သုံးပါ။

အနံ့အသက်ပျောက်ဆေးတွေက သင်၏ချွေးနံ့ကိုပျောက်စေနိုင်ပါတယ်။ ခဏခဏ အသုံးပြုရင်တော့ ဘက်တီးရီးယားများကိုတောင် သေစေနိုင်ပါတယ်။

၎. အတွင်းခံအဝတ်အစားတွေကို လဲလှယ်ပါ။

ချွေးဆိုတာမျိုးက ခန္ဓာကိုယ်အတွင်းပိုင်းတွေမှာ အများဆုံး ထွက်ရှိတာ ဖြစ်ပါတယ်။ သင့်ရဲ့ အတွင်းခံအဝတ်အစားတွေကို လဲလှယ်ခြင်းက ချွေးထွက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အနံ့ဆိုးတွေကို သက်သာစေပါတယ်။

၅. ခြေအိတ်တွေကို လဲလှယ်ပါ။

ခြေထောက်ဆိုတာက သင့်ရဲ့ ခန္ဓာကိုယ်မှာ ချွေးအတွက်ဆုံး နေရာတစ်နေရာဖြစ်ပြီး အနံ့ဆိုးတွေ ထွက်စေပါတယ်။ အသုံးပြုပြီးသား ခြေအိတ်တွေကို ပုံမှန် လဲလှယ်ခြင်းအားဖြင့် အနံ့ဆိုးထွက်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။ ကိုယ်စီးမယ့်ဖိနပ်မှာ ပေါင်ဒါမှုန့်အနည်းငယ်ဖြူးထားခြင်းကလည်း ခြေထောက်ချွေးထွက်ခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

၆. ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ အနံ့ပြင်းလွန်းတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။

တကယ်လို့ ကျွန်ုပ်တို့က ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ အနံ့ပြင်းလွန်းတဲ့ အစားအသောက်တွေကို စားပြီးရင် ခန္ဓာကိုယ်က ပိုပြီး နံလာစေမှာ ဖြစ်ပါတယ်။ အဲ့လို အစားအစာတွေအစား အသီးအရွက်တွေနဲ့ သစ်သီးဝလံတွေ စားသောက်ခြင်းက အနံ့ဆိုးတွေကို ကာကွယ်ပေးနိုင်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။

၇. အရမ်းကြပ်တဲ့အဝတ်အစားတွေကို မဝတ်ပါနဲ့။

တင်းကျပ်သောအဝတ်အစားများက ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ပူအိုက်စေပြီး ချွေးများထွက်စေတာကြောင့် အနံ့ဆိုးထွက်စေမှာ အသေအချာပါပဲ ။ လွတ်လပ်ပေါ့ပါးတဲ့ အဝတ်အစားတွေကတော့ သင့်ရဲ့ စိတ်ရော၊ လူကိုပါ လန်းဆန်းစေမှာ သေချာပါတယ်။

၈. dry shampoo တွေကို အသုံးပြုပါ။

Dry shampoo တွေက ဆံပင်တွေ အဆီထွက်နေခြင်းကနေ ပြန်လည်သက်သာလာစေနိုင်ပါတယ်။ Dry shampoo အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ ဆံပင်တွေကို ပိုပြီး ကြည့်ကောင်းလာစေမှာ သေချာပါတယ်။

၉. ခေါင်းစည်းကြိုး၊ ဘီးကုပ်တွေနဲ့ ဆံပင်ကို ချည်နှောင်ပါ။

တကယ်လို့ ကျွန်ုပ်တို့မှာ dry shampoo မရှိဘူးဆိုရင်တော့ အဆီတွေနဲ့ စေးကပ်နေတဲ့ ဆံပင်ကို ခေါင်းစည်းကြိုး၊ ဘီးကုပ်တွေနဲ့ လှန်တင်ထားသင့်ပါတယ်။ သင့်တော်တဲ့ ဆံပင်စတိုင်လ်မျိုးနဲ့ ဆံပင်က အနံ့ဆိုးတွေကို မသိမသာ ကာဗာလုပ်ထားနိုင်ပါတယ်။

၁၀. အသားအရည်ကို ရေဓာတ်ပြည့်အောင် ထိန်းသိမ်းပါ။

ကိုယ့်ကိုကိုယ် ရေဓာတ်ပြည့်အောင်လုပ်ခြင်းကလည်း ကိုယ်တွင်း အနံ့အသက်တွေကို ကောင်းမွန်စေပါတယ်။ ရေများများသောက်ခြင်း၊ moisturizer များ အသုံးပြုခြင်းက ခန္ဓာကိုယ် အနံ့အသက်တွေကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။