မိခင်ကို နမ်းရှုံ့တတ်တဲ့ သားလေး သိဒ္ဓိစစ် ရဲ့ ချစ်စရာ အမူအကျင့်လေးကို ပြောပြလာတဲ့ မယ်လိုဒီ

Posted on - Feb 19 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း ချစ်စရာကောင်းတဲ့ မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ မယ်လိုဒီ ရဲ့ ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဓိစစ် ကအရမ်းလိမ္မာတဲ့ ကလေးလေးပါတဲ့ ပရိသတ်ကြီးရေ ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သားလေးရဲ့ ချစ်စရာ အမူအကျင့်လေးကို ပြောပြလာတဲ့ မယ်လိုဒီ ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မယ်လိုဒီက "မေမေကမင်းအတွက်အရုပ်ကြီးပေါ့ပါးကိုနမ်းလိုက် ဆွဲညစ်လိုက် လုပ်ချင်သလိုလုပ်နေတာအနမ်းခံရလွန်းလို့ ပါးပေါက်မှာတောင်ကြောက်ရတယ် ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုလည်း ချစ်တယ်ဆိုတဲ့ အသိ ခံစားချက်ဟာ ကြညိနူးစရာကောင်းပြီး အနာဂတ်ခရီးအတွက် ခွန်အားဖြစ်စေပါတယ်ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားပါတယ်🥰" ဆိုပြီးပြောထားတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး အရမ်းလိမ္မာတဲ့ သားလေးရဲ့ အကြောင်းကို အမြဲပြောပြတတ်ပြီး သားလေးနဲ့ ပုံလေးတွေတင်လေ့ရှိတဲ့ မယ်လိုဒီက ဒီတစ်ခါမှာလည်း သားလေး က သူမကို အမြဲနမ်းလေ့ရှိတယ် ဆိုတဲ့အကြောင်းကို ပြောပြထားတာပါ။

မယ်လိုဒီ တို့သားအမိ ပုံရိပ်ကလေးတွေကို ပရိသတ်တွေဆက်လက်ကြည့်ရူပေးကြပါဦးနော်။

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီတို့သားအမိ ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;melody


Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။