ခေတ်သစ်ဖောင်ဒေးရှင်း(၁) နှစ်ပြည့်ကနေပြီး သိန်း(၁၆၀၀) ကျော်ထိ လှူဒါန်းနိုင်ခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေ

Posted on - Feb 18 []

Rowena

စာရေးသူ

လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက စိတ်တူကိုယ်တူနဲ့ အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းတွေသာမက ပရဟိတလုပ်ငန်းတွေကို အတူတူ သယ်ပိုးဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ပြီး မွေးရာပါ နှလုံးအပေါက်ပါတဲ့ (၅) နှစ်အောက် ကလေးတွေကို အခမဲ့ ခွဲစိတ်ကုသပေးနေတာပဲ ဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာတော့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ တစ်နှစ်ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်း တစ်နှစ်ပြည့်နေ့လေးမှာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ လင်းလင်းက အခုလို ဝမ်းသာ ပီတိစကား ပြောထားပါတယ်။

"ပီတိ နေ့ရက်လေးပါဘဲ။ ခေတ်သစ်ဖောင်ဒေးရှင်း တစ်နှစ်ပြည့်တဲ့ပွဲလေး။ ခေတ်သစ်ကမ္ဘာပရိုဂရမ်ကနေ ကျနော်တို့ရရှိတဲ့ ကျပ်သိန်းပေါင်း ထောင့်ခြောက်ရာကျော်ကိုလဲ အားလုံးအလှူအဖြစ် လှူနိုင်ခဲ့ပါတယ်။ အလှူရှင်ပေါင်းများစွာရဲ့ မေတ္တာအလှူ၊ငွေအလှူကြောင့် ကလေးလေးတွေရဲ့မိဘများနှင့်အတူ ပီတိမျက်ရည်ဖြာရပါတယ်။"

"ဒီနှစ်မှာ ကလေးတွေရဲ့ကျန်းမာရေးအပြင် ပညာရေးဘက်ကိုလဲ အလှူစတင်မှာဖြစ်တဲ့အတွက် မုံရွာ ပုလဲနယ်မှာ အခြေခံပညာ မူလတန်းကျောင်းဆောင်တစ်ခုကို ပုလဲနယ်ပညာရေးမှူးနှင့် ညှိနှိုင်း၍ ဖောင်ဒေးရှင်းမှ အပြီးအစီးဆောက်လုပ်လှူဒါန်းမှာ ဖြစ်ပါတယ်။"

" ခေတ်သစ်ဖောင်ဒေးရှင်းကနေ နှလုံးခွဲစိတ်ကုသပေးလိုက်တဲ့ ကလေးလေးတွေအချို့လဲ လာကြတယ်။ ဝမ်းသာပီတိနဲ့ငိုကြတဲ့သူတို့ရဲ့မိဘတွေကိုကြည့်ပြီး ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေပိုခိုင်မာလာပါတယ်။ မွေးခြင်းနဲ့သေခြင်း ကြားမှာ ပီတိကိုစားပြီး အသက်ရှင်ဖို့ကြိုးစားမယ်။ ခေတ်သစ်ဖောင်ဒေးရှင်းအလှူဟာ အားလုံးစုပေါင်းအားရဲ့ အလှူပါ။" ဆိုပြီး ပြောထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ အခုဆိုရင် ကလေးပေါင်းများစွာရဲ့ အသက်တွေကို ကယ်ဆယ်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်မှာလည်း မူလတန်းကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်ကြီးလည်း လင်းလင်း၊ချစ်သုဝေနဲ့ အလှူရှင်တွေ အားလုံးရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Rowena
Source; Htwe Lynn Ko's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။