ကလေးမိဘတစ်ယောက်ဖြစ်လာတာနဲ့အမျှ ပုံမှန်ဘဝနဲ့ လုံးဝပြောင်းပြန်ဖြစ်သွားတဲ့ အခြေအနေများ

Posted on - Feb 19 []

Rowena

စာရေးသူ

ကလေးဖေဖေ၊ မေမေ တစ်ယောက်ဖြစ်သွားပြီဆိုတာနဲ့ အပျို၊ လူပျိုဘဝက နေထိုင်မှုပုံစံတွေနဲ့ လုံးဝတခြားစီ ဖြစ်သွားမှာ သေချာပါတယ်။ ကလေးအီအီးတွေနဲ့ ညစ်ပတ်နေတဲ့ ဒိုက်ဗာတွေ၊ သလိပ်တွေ၊ ချွဲတွေဆိုတာ သင့်အတွက် ရွံစရာဖြစ်သွားပြီလို့ ထင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် စက္ကန့် (၃၀) အတွင်း ရေအမြန်ချိုးတယ်ဆိုတာလည်း လွယ်လွယ်ကူကူပဲ ဖြစ်လာမှာပါ။ မိုမိုလေးပရိသတ်တွေအတွက် မိဘတစ်ယောက်ဖြစ်ရတာ ဘယ်တွေပြောင်းလဲသွားလဲဆိုတဲ့ ရယ်စရာဥပမာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ကိုယ်ပိုင်အချိန်ဆိုတာ မရှိတော့ပါဘူး။

လူလွတ်တစ်ယောက်ဖြစ်စဉ်က ကိုယ်ကြိုက်တဲ့ အရာတွေလုပ်ဖို့၊ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဖို့ အချိန်တွေအများကြီးရှိပေမယ့် ကလေးမိဘတစ်ယောက် ဖြစ်သွားရင်တော့ အိမ်သာတက်ရင်တောင် မလွတ်လပ်တော့ပါဘူး။

၂. အရှက်အကြောက်ကြီးပါတယ်ဆိုရင်တောင် ရှက်နေလို့မရတော့ပါဘူး။

သင်က ဘယ်လောက်ပဲ ရှက်တတ်တယ်ပြောပြော ကလေးမိဘတစ်ယောက်ဖြစ်ပြီဆိုတာနဲ့ ရေအတူတူချိုးတာတွေ၊ သင်ရေချိုးနေပြီဆိုရင် လာကြည့်တတ်တဲ့ ကလေးတွေကြောင့် ရှက်နေလို့မရတော့ပါဘူး။

၃. ကလေးအကြိုက်ကို ဦးစားပေးရတယ်။

လူလွတ်တစ်ယောက်ဖြစ်နေစဉ်တ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်နိုင်ပေမယ့် ကလေးမိဘတစ်ယောက်ဖြစ်လာပြီဆိုရင်တော့ ကြိုက်ကြိုက်မကြိုက်ကြိုက် သူတို့ကြိုက်တဲ့ ကာတွန်းကားပဲ ကြည့်ရမှာပါ။

၎. ဘယ်လောက်လေးတဲ့ ပစ္စည်းဖြစ်ဖြစ် မမှုတော့ဘူး။

အပျိုတုန်းကဆို ဈေးဝယ်ထွက်ပြီး ပစ္စည်းလေးသယ်ရတာကို လေးတယ်လို့ ထင်ရပေမယ့် ကလေးရပြီးသွားချိန်မှာတော့ ကလေးတစ်ဖက်နဲ့တောင် ဘာလုပ်လုပ် အသာလေးပါပဲ။

၅. အိပ်ရေးဝဝအိပ်ရတယ်ဆိုတာ အတိတ်မှာ ကျန်ခဲ့ပါပြီ။

နှစ်ကိုယ်တူဘဝမှာတုန်းက နေမြင့်မှထပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေနိုင်ပေမယ့် ကလေးဖေဖေ၊ မေမေ ဖြစ်သွားရင်တော့ အိပ်ရေးဝဝအိပ်ရတယ်ဆိုတာ အိပ်မက်တစ်ခုလိုတောင် ဖြစ်သွားပါပြီ။

၆. အညစ်အကြေးတွေကို မရွံတက်တော့ဘူး။

အရင်ကတော့ ကလေးတစ်ယောက်ရဲ့ အညစ်အကြေးတွေမြင်ရင် စိတ်မသက်မသာဖြစ်မိပေမယ့် ကိုကိုယ်တိုင် ကလေးတစ်ယောက် ရလာချိန်မှာတော့ မရွံတတ်တော့ပါဘူး။

၇. တူနှစ်ကိုယ်သွားနေကြခရီးဟာ အထုတ်အပိုးတွေနဲ့ ပြည့်နှက်လာပါပြီ။

လွတ်လပ်စဉ်တုန်းက အိတ်တစ်လုံးစီနဲ့ ပေါ့ပေါ့ပါးပါး သွားနေကြခရီးဟာ ကလေးရပြီးချိန်မှာတော့ ကလေးအတွက် လိုအပ်တာတွေ မှန်သမျှထည့်ရင်း အိမ်ပြောင်းသလားလို့တောင် ထင်မှတ်ရပါတယ်။ သင်ရော ကလေးမိဘတစ်ယောက်ဖြစ်သွားတာနဲ့အမျှ ဘာတွေပြောင်းလဲသွားလဲ ပြောပြခဲ့ဦးနော်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။