မမျှော်လင့်ပဲ Meme အလုပ်ခံရပြီးမှ ကမ္ဘာကျော်တဲ့အထိ အောင်မြင်ခဲ့တဲ့ ဆယ်လီဘရစ်တီများ

Posted on - Feb 19 []

Rowena

စာရေးသူ

Facebook, Twitter, Instagram ... စတဲ့ ဆိုရှယ်မီဒီယာတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာနဲ့ အမျှ အသုံးပြုတွေကြား ခေတ်စားလာတာကတော့ Meme တွေပါပဲ။ သူငယ်ချင်းအချင်းချင်း ဆေးထိုးချင်တဲ့အခါမှာဖြစ်ဖြစ်၊ အွန်လိုင်းတစ်ခွင်မှာ ခေတ်စားနေတဲ့ အကြောင်းအရာတစ်ခုခုကို Troll ချင်တဲ့အခါမျိုးမှာဖြစ်ဖြစ် Meme ပုံရိပ်တွေကို အသုံးပြုကြလေ့ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ Meme အဖြစ်အသုံးပြုခံရပြီးမှ လူသိရှင်ကြားဖြစ်လာပြီး ၀က်ဝက်ကွဲအောင်မြင်လာတဲ့ ဆယ်လီဘရစ်တီတစ်ချို့ ပဲဖြစ်ပါတယ်။

Salt Bae meme

နာမည်ကြီး Salt Bae meme ထဲက အမျိုးသားရဲ့ နာမည်အရင်းဟာ Nusret Gökçe ဖြစ်ပြီး ကမ္ဘာ့ နေရာအနှံ့ အပြားမှာ စားသောက်ဆိုင်ပေါင်း(၁၄)ဆိုင် ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

"ပြောပါဦး။ .... ဆိုတဲ့အကြောင်း "

ပုံထဲမှာမြင်တွေ့ ရတဲ့သူဟာ Willy Wonka ဆိုသူုဖြစ်ပြီး သူ့ရဲ့ နာမည်ကြီး Memes ပုံဟာ willy wonka and the chocolate factory ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်ပါတယ်။ Willy Wonka က (၂၀၁၆)ခုနှစ်​မှာ ကွယ်​လွန်ခဲ့ပေမယ့် ယခုချိန်​ထိ Memes ​တွေမှာ သူ့ရဲ့ပုံရိပ်ကို ​တွေ့ နေရဆဲဖြစ်ပါတယ်။

" .. ငါတစ်ယောက်တည်းလားကွ"

... ငါတစ်ယောက်တည်းလား" ဆိုပြီး သုံးတဲ့ Am I the Only One Around Here... meme ဟာ The Big Lebowski ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းကနေ ယူထားတာဖြစ်ပါတယ်။

"... သိပ်ကောင်းမှာပဲဗျာ"

"... သိပ်ကောင်းမှာပဲဗျာ" ဆိုပြီး အကြောင်းအရာတစ်ခုခုကို သရော်ချင်တဲ့အခါမျိုးမှာသုံးတဲ့ That Would Be Great meme ဟာ Office Space ဇာတ်ကားထဲမှဖြစ်ပြီး meme ပုံမှာပါတဲ့သရုပ်ဆောင်ဟာ Gary Cole ဖြစ်ပါတယ်။

မဖြစ်နိုင်တဲ့ကိစ္စကို မေးတဲ့အခါ သုံးကြတဲ့ Confused Nick Young meme ဟာ ဘတ်စကတ်ဘောကစားသမား Nick Young ရဲ့ ဘ၀အကြောင်းကို ရိုက်ကူးပြတဲ့ video တစ်ခုကနေ ယူထားတာဖြစ်ပါတယ်။Nick ရဲ့ အမေက Nick ငယ်ငယ်က လူရွှင်တော်တစ်ယောက်လိုနေလေ့ရှိကြောင်း ပြောပြတဲ့အခါမှာ meme ထဲမှာမြင်ရတဲ့ အမူအရာမျိုးဖြစ်သွားခဲ့တာပါ။

"... ကြောင်း ဂြိုလ်သားတွေကို ရှင်းပြနေပုံ"

ရေပန်းအစားဆုံးဖြစ်တဲ့ Aliens meme ထဲကလူဟာ ရှေးဟောင်းသုတေသနပညာရှင် Giorgio A. Tsoukalos ဖြစ်ပြီး meme ထဲကပုံဟာ ဂြိုလ်သားတွေအကြောင်းရှင်းပြနေတဲ့ video တစ်ခုက ယူထားတာဖြစ်ပါတယ်။ Giorgio ဟာ သူ့ကို Memes လုပ်တာကို စိတ်​မဆိုးတဲ့အပြင်​ အရမ်းရယ်​ရလို့ ဒီလိုဖန်​တီး​ပေးတဲ့သူ​တွေကို ​ကျေးဇူးတင်​ပါတယ်​လို့ လည်း ဆိုပါတယ်။

"... တွက်ချက်နေပုံ"

ဒီပုံကလည်း Senhora De Destino လို့ခေါ်တဲ့ဘရာဇီးတယ်လီဗေးရှင်းမှမင်းသမီး Renata Sorrah ရဲ့ screenshots တွေကို သင်္ချာဆိုင်ရာညီမျှခြင်းဓာတ်ပုံတွေကိုထည့်လိုက်တဲ့အခါမှာတော့ အရမ်းစဉ်းစားရခက်နေတဲ့ပုံ Meme ဖြစ်လာပြီး ကမ္ဘာကျော်ခဲ့ပါတယ်။

Meme ထဲမှာရေပန်းအစားဆုံးဖြစ်တဲ့ Bitch Please meme ထဲကသူဟာ တရုတ်​ဘက်​စကတ်​​ဘောကစားသမား Yao Ming ဖြစ်ပြီး အဆိုပါရယ်နေတဲ့ပုံကတော့ (၂၀၀၉)ခုနှစ်​တုန်းက ပွဲကစားအပြီးမှာ ရိုက်​ကူးခဲ့တာဖြစ်ပါတယ်။

Kid
Ref : buzzfeed

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။