သူမတို့ဘဝထဲရောက်လာပေးတဲ့ သားလေး က ကျန်းမာပြီ သူမတို့ကို ပျော်ရွှင်မှုတွေပေးလို့ ကျေးဇူးပါ ဆိုတဲ့ ပိုးအိအိခန့်

Posted on - Feb 19 []

Moe Kalay

စာရေးသူ

သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက်ပိုးအိအိခန့် က သူမတို့ ဇနီးမောင်နှံ ရဲ့ ဘဝကို ဝင်ရောက်လာတဲ့ သားလေး ကိုကိုး ကို ကျေးဇူးတင်တယ်လို့ ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။

ပိုးအိအိခန့် က အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ခုအချိန်မှာတော့ သားလေး ကိုကိုးကို အချိန်ပေးနေတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ပိုးအိအိခန့် က " မေမေ့အသဲ ကိုးလေး ခုဆို ၇လပြည့်ပီ အရမ်းချစ်တယ်သားလေးရေ ပြောမပြတတ်လောက်အောင်ပါပဲမေမေတို့ဘဝထဲရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်သားသားအခုလိုပဲအမြဲကျန်းမာပြီး ပျော်ရွှင်နေပေးပါမေမေလည်း အမြဲဂရုစိုက်ပါ့မယ်" ဆိုပြီး ပြောထားပါတယ်။

ပိုးအိအိခန့် ရဲ့ သားလေး ကိုကိုး ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေ ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သရုပ်ဆောင် ပိုးအိအိခန့် က သားလေး ကိုကိုး နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;poe ei ei khant

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။