ချစ်သူ နဲ့အတူ ဘုရားကျောင်း အတူတူ သွားခွင့်ရနေတာလေးကို အမက်မောဆုံး ဆိုတဲ့ ခင်လေးနွယ်

Posted on - Feb 20 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး ခင်လေးနွယ် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ ပြောင်မြောက်တဲ့ အနုပညာပြကွက်တွေနဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ။သူမက ခုနောက်ပိုင်းမှာ သူမသရုပ်ဆောင် ရိုက်ကူးတဲ့ ဇာတ်ကားတွေမတွေ့ရတော့ပေမယ့် ခရီးသွားတဲ့ အလှပုံရိပ်ကလေးတွေကြောင့် သူမပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်တွေအတွက် ချစ်သူ နဲ့ အတူ ဘုရားကျောင်းသွားရတာက အမက်မောဆုံးလို့ ပြောလာတဲ့ ခင်လေးနွယ် ရဲ့ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်လေးနွယ်က " ဗိုလ်ကြီး မရှိပေမယ့်...ဘုရားကျောင်းတူတူ လိုက်တက်ပေးမယ့် ချစ်သူရှိနေပြီ....ဘုရားကို ချစ်တဲ့သူနဲ့ တူတူ လက်တွဲခွင့်ရတာ
အမက်မောဆုံးပဲ..." ဆိုပြီး ပြောထာပါတယ်။

ချစ်သူသက်တမ်း ၁နှစ်လောက်ရှိပြီဖြစ်တဲ့ ချစ်သူ ကို ပရိသတ်တွေရှေ့မှာ ချပြခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှုများစွာ ရရှိခဲ့တာပါ။

ခင်လေးနွယ်က သူမတို့ Bff အဖွဲ့ဝင်တွေနဲ့ ခရီးသွားဖြစ်နေပြီး သူငယ်ချင်းများနဲ့ ပျော်စရာ ကောင်းတဲ့ ခရီးသွားပုံရိပ်ကလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်လေ့ရှိသူပါ။ ဒီတစ်ခါမှာတော့ သူမက ချစ်သူကောင်လေးနဲ့ ဘုရားကျောင်း သွားတဲ့ ပုံရိပ်ကလေးကို ဖော်ပြထားပါတယ်။

သရုပ်ဆောင်ခင်လေးနွယ်တို့ ချစ်သူနှစ်ဦး ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;khin lay nwe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။