လမ်းမတော်သံဈေး မီးလောင်မှုမှာ ပိတ်မိနေတဲ့သူတွေကိုကြည့်ပြီး အရမ်းခံစားရတယ်ဆိုတဲ့ Sinon

Posted on - Feb 20 []

Rowena

စာရေးသူ

ဒီကနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် ၆ နာရီကျော်ကတည်းက လောင်ကျွမ်းနေတဲ့ လမ်းမတော်သံဈေး မီးလောင်မှုက အမြင့်ဆုံးအဆင့် Level (5) ကို ရောက်ရှိခဲ့ပြီး အပျက်အဆီးတွေများစွာလည်း ရှိခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့သားတွေက တိုက်အတွင်း ပိတ်မိနေသူတွေကို အမြန်ဆုံး ကူညီကယ်ဆယ်နေပေမယ့် လတ်တလောမှာ ပိတ်မိနေသူအချို့လည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရ ဈေးရုံကြီး မီးလောင်ကျွမ်းမှုကြောင့် ပြည်သူတွေက စိတ်ထိခိုက် ဝမ်းနည်းနေကြသလို မြန်မာနိုင်ငံသားတစ်ပိုင်းဖြစ်နေပြီဖြစ်တဲ့ Sinon ကလည်း စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

Sinon Loresca က " ဒီမြင်ကွင်းကိုမြင်ရတာ အသက်ရှုရပ်မတတ်ပါပဲ။ ကျွန်တော်ချစ်ရတဲ့ ပြည်သူတွေအားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ " ဆိုပြီး ပြောထားပါတယ်။

အဆိုပါမီးလောင်မှုကို နံနက် (၈း၃၀)နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၉း၁၀)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့်အဆောက်အဦအတွင်းမှ (၈၂)ဦးကို ရှာဖွေကယ်ဆယ်ထားပြီး လက်ရှိတွင် ကယ်ဆယ်မှုများဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ချစ်ရတဲ့ ပြည်သူတွေ အားလုံး အန္တရာယ်ကင်း၊ ဘေးရှင်းကြပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Rowena
Source: Sinon & Eleven Broadcasting

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။